𝗌𝖾𝗏𝖾𝗇

203 18 2
                                    

လူတွေရှုပ်ကာ စျေးဆိုင်တွေပေါများတဲ့ ညစျေးအလယ်မှာတော့ အနက်ရောင် jacket အင်္ကျီနဲ့ကောင်လေးရင်ခွင်ထဲကနေ လမ်းလျှောက်နေရတဲ့ Yoon Jaehyuk ရှိနေသည်။

ရင်ခွင်ထဲသိမ်းကျုံးကာ အထည့်ခံထားရရင်း လမ်းလျှောက်နေရတဲ့ သူ့ဘဝက သိပ်တော့မလွယ်ကူလှ။ဒရမ်မာတွေထဲမှာတောင် အလွန်ဆုံး လက်ကိုင်တာပဲမလား။သူ့ကြမှပဲ ရင်ခွင်ထဲထိ ထည့်ပြီး ကာကွယ်ခံရမယ်လို့ ဘယ်သူကထင်မှာလဲ ?

" Jeongwoo ya !! "

" အွန်း ပြော "

" ငါဘေးက လျှောက်လည်းရပါတယ်ဟ.. "

" တော်တန်တိတ် ဒီလောက်လူများမယ်သာသိရင် ငါလိုက်တောင်မပို့ဘူး ! "

" ငါးအူချောင်းစားချင်တယ် "

Jaehyuk ပြောပြီးမကြာပါ ရောက်လာသည်က ငါးအူချောင်း ရောင်းသည့်ဆိုင်။Park Jeongwoo က တကယ်ဒိတ်ရတဲ့ အတွေ့အကြုံမျိုးပေးတာပဲ ဟိဟိ။

" ဘယ်လို အရသာနဲ့ယူမလဲ ကောင်လေးတို့ "

" ငါးအူချောင်းကို တော့ပူကီအနှစ်နဲ့တစ်ပွဲ သူ့အချဉ်နဲ့သူက တစ်ပွဲပေးပါနော် အန်တီ "

" ဟုတ်ပါပြီရှင် "

ခဏအကြာမှာတော့ အငွေ့တထောင်းထောင်းနဲ့ငါးအူချောင်းနှစ်ပွဲရလာသည်။Jeongwoo ကျသင့်ငွေကိုရှင်းကာ

" ဘယ်ဟာ အရင်စားမှာလဲ ? Jaehyuk "

" ဟင် ? အရသာနှစ်မျိုးလုံးက ငါ့အတွက်လား ? "

" အင်းပေါ့ မင်းမစားလို့ ငါက ခွေးကျွေးရမှာလား ? "

ခုနက ပေးထားတဲ့ ro တတ်တယ်ဆိုတဲ့ အမှတ်တွေအကုန် 0% သို့။

" Park Jeongwoo ! "

" ဘယ်ဟာစားမှာလဲ Yoon Jaehyuk "

" ဒါစားမှာ "

တော့ပူကီအနှစ်ပါတဲ့ ခွက်ကိုသူ့လက်ထဲသို့ ထားရစ်ကာ ကျန်တစ်ခွက်ကို ယူလိုက်တဲ့ Jaehyuk။ဒါကဘာတုန်း သူက အဲ့ကလေးကြီးမစားမချင်း ကိုင်ထားရမယ်ဆိုတဲ့ သဘောလား။Yoon Jaehyuk ကိုတကယ်ချီးကျူးသည်
တကယ့် လူလည်လေး။

" ပူမယ် ဖြေးဖြေးစား "

" ငါသိပါတယ် "

ဆူပုပ်ပုပ်နဲ့ ငါးအူချောင်းစားရင်း သူ့ရှေ့က ထွက်သွားတဲ့ကောင်လေးနောက်ကို အမှီလိုက်ရသေးသည်။တော်ကြာ လူကြားထဲရောပြီး ပျောက်သွားမှဖြင့် Park Jeongwoo ဆိုတဲ့ သူသာရင်ကျိုးရမည်လေ။

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now