𝖾𝗂𝗀𝗁𝗍

206 18 9
                                    

Jihoonie Hyung က VVIP အခန်းမှာ ဖေဖေတို့ရှိသည်ဆို၍ VVIP အခန်းကိုသာ ဓာတ်လှေကားနဲ့လာခဲ့လိုက်သည်။

အခန်းထဲ ဝင်ဝင်ခြင်း မေမေတို့နဲ့ မျက်နှာခြင်းဆိုင်မှာ ထိုင်နေတဲ့ Jihoonie Hyung ရဲ့ မိဘတွေကြောင့် ယဉ်ကျေးမှုအရ အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။

" အာညော်ဟာဆယ်ရို အန်ကယ်နဲ့အန်တီ .. မတွေ့ရတာတောင် ကြာပြီ "

" အမလေးရှင် အန်တီက မှတ်မိပေးရင်ကို ကျေးဇူးတင်လှပါပြီနော် "

ထိုင်နေရာမှ ထလာပြီး သူ့ပါးကိုလာဖဲ့တဲ့ အန်တီကြောင့် Jaehyuk ပြုံးပြလိုက်သည်။

" လာထိုင် .. အန်တီက ကမ်းလှမ်းစရာလေးရှိလို့ "

" ဟုတ် "

ခုံမှာဝင်ထိုင်ရင်းလည်း မေမေ့ကိုကြည့်ကာ အကြည့်ဖြင့်ဘာတွေပြောမလို့လဲ မေးသော်လည်း မေမေက သူမ မသိဘူးဆိုသည်ကို အကြည့်ဖြင့်ပြောလာသည်။

" အန်တီတို့က အစကတော့ မလောချင်ပါဘူးကွယ် ။ ဒါပေမယ့် အန်တီ့သား မင်းအစ်ကိုလောနေတော့.. "

" ဘာကိုလဲ ? အန်တီ "

" အန်တီ့သား Jihoon ကို သားလေး ဘယ်လိုသဘောရလဲ ? "

" အရင်းနှီးဆုံး အစ်ကိုပေါ့ အန်တီရဲ့ "

" အိုက်ဂူး ကလေးလေးက ငယ်သေးတော့ ဘယ်ခံစားတတ်ဉီးမှာတုန်း ဟုတ်တယ်နော် အစ်မယွန်း "

" ကျွန်မက အားနာပေမယ့် သားလေးမှာ ချစ်ရမဲ့သူရှိတယ် .. ညီမရယ် "

" အို .. ဟို Park Jeongwoo ဆိုတဲ့ ပိစိလေးမလား။အဲ့ကလေးက Jae ပေါက်လေးကို မကြိုက်ဘူးဆို .. အန်တီ့ကို မင်းအစ်ကိုပြောတယ် "

" ဗျာ "

Jaehyuk ကြက်သေသေမိသည်။လူကြီးမို့ ပုံမှန်ပြောလိုက်တာဆိုပေမယ့် သူ့အတွက်တော့ ထိုသို့မဟုတ် အောင့်သက်သက်နဲ့ပင်။အမှန်တရားက ခါးသည်ဆိုတာ ဒါမျိုးဖြစ်နေမလား။

" Jihoonie Hyung .. "

" Jae Jae ကိုယ့်ကိုစိတ်မဆိုးဖို့မျှော်လင့်ပါတယ် ။ကိုယ်က Jae ​ကိုမနာကျင်စေ .. "

နာကျင်သည်။ရင်ဘတ်ထဲက နာသည်။ဒီလိုမျိုး အရမ်း sensitive ဖြစ်တတ်တဲ့ သူ့အတွက် ဒါဟာအရမ်း နာကျင်ရတာမျိုးပင်။

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now