𝖿𝗂𝗏𝖾

236 18 4
                                    

မှောင်ရီပျိုးစပြုနေတဲ့ အချိန်ဆိုပေမယ့် Jeongwoo မအိပ်ရသေးပါ။Jaehyuk တို့နဲ့ အတူညနေစာ စားပြီးတာနဲ့ အိမ်ပြန်လာရပြီး အခု အဖေ့စီရောက်နေခြင်း။အဓိက ကတော့ အဖေက ဂတိဖျက်မှာဆိုးလို့ ခေါ်သတိပေးယုံသာ။

" မင်း အဲ့ကောင်လေးနား အရမ်းကပ်လွန်းနေတယ် မဟုတ်လား Park Jeongwoo "

" ကျွန်တော်သူ့ကို ကြိုက်နေတာ သူမသိသေးပါဘူးဆိုဗျာ "

" သိသွားရင်လည်း ငါက မင်းဂတိပေးထားတာမလုပ်ရမခြင်း သဘောတူမှာမဟုတ်ဘူးနော် Park Jeongwoo "

" အဖေ့ ! "

" မင်းဆိုးခဲ့တဲ့ အပြစ်တွေရဲ့ ရလဒ်ပဲ Jeongwoo ။ မင်းပေးတဲ့ ဂတိမင်းတည်ပါစေ .. မင်းအမေ စောင့်နေရလိမ့်မယ် ပြန်တော့"

Jeongwoo ခေါင်းညိမ့်ပြပြီး အိမ်ပြင်ကိုထွက်လာခဲ့လိုက်သည်။ပြီးသည်နှင့် driver ဉီးလေးကြီးက သူ့ကို အိမ်ထိသေချာစွာလိုက်ပို့သည်။

" Jeongwoo လေး မင်းအဖေက Jae လေးနဲ့ကိစ္စပြောတာမလား သားငယ် "

အိမ်ထဲဝင်ဝင်ခြင်း သိနေနှင့်ပြီးသား အမေကစီးကြို၍ မေးသည်။

" ဟုတ်တယ် အမေ .. ကျွန်တော့်ဂတိ ကျွန်တော်တည်မှာပါ "

" အမေသိပါတယ်ကွယ် သွားသွား အိပ်တော့ "

" ဟုတ်ကဲ့အမေ "

Jeongwoo အပေါ်ထပ်ကိုတက်လာရင်း ရေအရင်ချိုးဖို့သာ တာဆူနေတော့
သည်။ရေချိုးပြီးတော့ စိတ်ကအနည်းငယ်ကြည်လင်သွားသလိုရှိသည်မို့ တစ်ယောက်သောသူကို ဖုန်းဆက်ရန်အတွေးရောက်လာ၏။

ဖုန်းကို ကိုင်၍ "My Chocolate🍫" ဆိုတဲ့ contact လေးကို နှိပ်လိုက်သည်နှင့် ခနအကြာမှာ ဖုန်းကောလ်ဝင်သွားသည်။

" ဟယ်လို.. "

ကြားလိုက်ရတဲ့အသံလေးက အိပ်ချင်မူးတူးအ​သံလေး။ည10နာရီတောင်ရှိနေပြီလေ ဒီစာဂျပိုးလေးအိပ်တာ ဖြစ်နိုင်ပါတယ်။

" Jaehyuk မင်းအိပ်နေပြီပဲ "

" အွမ်း .. သိရင်ဘာလို့ ခေါ်နေတာလဲ "

" မင်းအသံကိုကြားချင်လို့ "

" မင်းစော်တွေကိုပဲ သွားပြောစမ်းပါ "

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now