𝖾𝗂𝗀𝗁𝗍𝖾𝖾𝗇

185 14 2
                                    

တစ်နှစ်‌ခန့်ကြာသော်

ကော်ဖီဆိုင်ထဲရှိ ထောင့်အကျဆုံးခုံတွင် မျက်နှာချင်းဆိုင်ထိုင်နေသည့် အမျိုးသားနှစ်ယောက်။

" ကိုယ်အကူညီတောင်းတာကို Jae လက်ခံပေးဖို့ မျှော်လင့်တယ် ။ ခဏပါပဲ တစ်လပဲဖြစ်ဖြစ် "

Jaehyuk ရဲ့ ခုံပေါ်တင်ထားသည့် လက်တွေကို သူ့လက်တွေဖြင့် ဆုပ်ကိုင်လာသည့် Jihoonie Hyung ရဲ့ အသံက ပုံမှန်ထက် တိုးလျလို့နေသည်။ဆုပ်ကိုင်ခံထားသည့် မိမိလက်တွေအား အမြန်ရုတ်သိမ်းရင်း Jaehyuk ပြောစရာစကားလည်း ရှိမနေပါ။

" ကျွန်တော် .. "

" Jae ကျေးဇူးပြုပြီး "

" ကျွန်တော့်မှာ Jeongwoo ရှိတာ Hyung အသိပဲလေ "

" ကျွန်တော် မကူညီနိုင်လောက်ဘူး "

Hyung မျက်နှာက သိသိသာသာပျက်ယွင်းလို့သွားသည်။Jaehyuk သိသည် Hyung ကိုယ်တိုင်လည်း တစ်ခါမက ၀န်ခံဖူးသည်။ဒါပေမယ့် သူချစ်တာက တစ်နယ်ရပ်ခြားမှာ ရှိနေတဲ့ မောင့်ကိုလေ။မျက်နှာပြောင်တိုက်ပြီး ဘယ်လိုများ ကူညီပေးနိုင်မှာတဲ့လဲ ?

" ကိုယ် Jae ကို အတင်းအကြပ်မတောင်းဆိုချင်ပါဘူး ဒါပေမယ့် .. "

ဟူး

" နေပါစေတော့ ကိုယ်ထပ်ပြီး မတောင်းဆိုတော့ပါဘူး "

ထိုသို့ကြတော့လည်း Jaehyuk စိတ်မကောင်းသို့ပေမယ့် ကိုယ်မှမကူညီနိုင်တာကိုး။

" ကျွန်တော် စိတ်မကောင်းပါဘူး Hyung .. ဒီကြားထဲ ကျွန်တော့်ကို အသေးစိတ်ဂရုစိုက်ပေးတာတွေလည်း ကျေးဇူးတင်ပါတယ် "

" မလိုပါဘူး ကလေးရယ် "

မျက်လုံးတွေမှိတ်သည်အထိ ပြုံး၍ Jaehyuk ဆံပင်တွေကို ဖွသွားသည့် Hyung ရဲ့လက်တွေ။ဒီလက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပေးမဲ့သူ ရှိစေချင်ပါတယ် ဘုရားသခင်။

.
.

အထက်တန်းပြီး‌သွားတော့ Jaehyuk ရွေးချယ်လိုက်သည့် အလုပ်ဟာ Designer အလုပ်ဖြစ်သည်။သေချာပေါက် မောင်က model တစ်ယောက်ဖြစ်ချင်တာလေ။သူက ပါရမီဖြည့်ပေးရမှာပေါ့။

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now