မြေအောက်ရထားစီးရင်း ငိုက်နေတဲ့ Jaehyuk ကြောင့် ခေါင်းလေးကို အသာယာ ယူကာ သူ့ပုခုံးပေါ်ကို မှီစေလိုက်သည်။အိပ်ပုတ်လေး။ .. မနေ့ကလည်း အစောကြီးအိပ်တာကို။
ရထားက နာရီဝက်လောက် စီးရသည်မို့ သူ့မှာနာနေတဲ့ ပုခုံးကိုမမှုကာ အိပ်နေတဲ့ ကောင်လေးမနိုးသွားဖို့ ငြိမ်နေလိုက်သည်။အရမ်း အိပ်ချင်နေသည်ထင်ပါရဲ့ ပေါက်သံပိစိလေးတောင်ထွက်လာသည်။
" အွမ်း အင်း.. "
" ကျွတ် ကျွတ် ကိုယ်ရှိတယ် အိပ်အိပ် "
ခေါင်းလေးကိုအသာယာပုတ်ကာ ချော့သိပ်လိုက်တော့ ထပ်မံအိပ်သွားတဲ့ ကောင်လေးက ပုခုံးပေါ်မဟုတ်ဘဲ သူ့ရင်ခွင်ထဲရောက်လာသည်။ခေတ္တခဏကြောင်သွားပေမယ့်လည်း မတွန်းထုတ်ခဲ့ဘဲ ကျောလေးကိုပွတ်သပ်ပေးလိုက်သည်။
ခနကြာတော့ ရထားက ဆင်းရမဲ့နေရာရောက်ပြီမို့ Jaehyuk ကိုနိုးဖို့ပြင်ရသည်။ဒါတောင်အိပ်ရေးမဝ၍ ဆူပုပ်ပုပ် မျက်နှာလေးနှင့်ပါလာသည်က ချစ်စရာ။
" ညက ကောင်းကောင်းမအိပ်ပျော်ဘူးလား Jaehyuk "
" အိပ်ပျော်ပါတယ် အရင်နေ့က မအိပ်ထားတာတွေကြောင့်ပါ "
" ဟုတ်ပါပြီ "
ခေါင်းကိုခပ်ဖွဖွပုတ်လာတဲ့ Jeongwoo ကြောင့် Jaehyuk တုန်သွားသည်။ခေါင်းစောင်းကြည့်လိုက်တော့ သကောင့်သားက သူမဟုတ်သလို။Park Jeongwoo ကိုဘယ်သူဆေးမှားတိုက်လိုက်တာလဲ ??? ။Jaehyuk ခေါင်းထဲကိုကော်ရှင်မတ်တွေ တစ်စီတစ်တန်းကြီး၀င်ရောက်လာသည်။
Ever Land ထဲရောက်တော့ နေရာတိုင်းကကစားစရာအပြည့်နဲ့မို့ Jaehyuk ဝါးခနဲ။
" Jaehyuk "
" ဟင်.. "
" ဒီမှာ ခနစောင့်နေ ငါပြန်လာခဲ့မယ် "
" ဟမ် အင်း အင်း "
အနီးက ရေခဲမုန့်ဆိုင်ကို ပြေးသွားတဲ့ Jeongwoo ကြောင့် Jaehyuk ကြောင်ရပ်နေမိသည်။အစောကြီး ရေခဲမုန့်ဝယ်ကျွေးမလို့တော့ မဟုတ်ပါဘူးနော် ???
" ရော့ "
သူ့ရှေ့ကို ထိုးပေးလာတဲ့ ချောကလက်ရေခဲမုန့်လေးကစားချင်စဖွယ်။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed]
Fanfiction𝖯𝖺𝗋𝗄 𝖩𝖾𝗈𝗇𝗀𝗐𝗈𝗈 + 𝖸𝗈𝗈𝗇 𝖩𝖺𝖾𝗁𝗒𝗎𝗄