CH - 8

84 7 0
                                    

CH-8 ဟေး အတန်းဖော်ရေ မင်း ဒီလိုသာ ဆက်လုပ်နေမယ် ဆိုရင် မင်းမှာ သူငယ်ချင်းတစ်ယောက်တောင် ရှိတော့မှာမဟုတ်ဘူးနော် !(1)

လင်းရီရီ ကလေးနှစ်ယောက်ကို ကျောင်းပို့ပြီးသောအခါ သူ(မ) က ‌မားကတ် ရှိရာသို့ အမြန်မောင်းထွက်သွားလေသည်။ သူ(မ) က အထူးစပယ်ရှယ် ဟင်းပွဲများ ချက်ပြုတ်ရန် ဆုံးဖြတ်ထားသောကြောင့်ပင်။

တစ်ရက် ကြာပြီးတဲ့နောက် သူ(မ) သိလိုက်ရတာက ဒီခန္ဓာကိုယ် ရဲ့မူလ ပိုင်ရှင်က ကလေးတွေနဲ့ ကျွမ်းဝင် နီးကပ်နေခြင်း မရှိတာပင် တခြားတစ်ဖက်က ဆိုရင်တော့ ဒီ သားမိ သုံးယောက် ကြားမှာ သူစိမ်းဆန် တဲ့ဆက်ဆံရေးတော့ ရှိမနေခဲ့ပါ။

မိန့်ယူ့ရန် သည် သဘောထားကွဲလွဲနေပြီး ဆက်ဆံရ အဆင်မပြေပုံ ပေါ်ပင်မဲ့လဲ သူ့ ညီမ ဖြစ်သူကိုတော့ ကောင်းမွန်စွာ ဆက်ဆံသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူ က သူ့ညီမလေးအား အမှန်တကယ် ပင် ချစ်မြတ်နိုးကြောင်း သူ(မ)ပြောနိုင်သည်။ ဤ အချက် ကပဲ သူက သူ့ရဲ့မိသားစုအား ဂရုစိုက်နေသေးကြောင်းဖော်ပြပေးနေတာပင်။

မိန့်ရှင်းရှင်း သူ(မ)‌လေး ကတော့ အလွန်ကိုမှ ငယ်လွန်းသေးသည်။ သူ(မ) က သူ(မ) အမေ ဖြစ်သူနဲ့ အရင်က ဘယ်လို ဆက်ဆံရေးမျိုး ရှိနေခဲ့ပါစေ သူ(မ) လေးက မိခင်ဖြစ်သူနှင့် ရင်းနှီးရန် ကိုယ်စွမ်းရှိသလောက် ကြိုးစားနေတုန်းပင်။

အဆုံးသတ်မှာတော့ သူတို့လေးတွေဟာ ဖခင်ဖြစ်သူ ကိုဆုံးရူံးခြင်းခံထားရတဲ့ ကလေးလေးတွေဖြစ်နေတုန်းသာပင်။သူတို့ရဲ့ မိခင်ကလဲ သူတို့လေးတွေရဲ့ တဦးတည်းသော မိသားစုဝင် ဖြစ်နေခဲ့သည်တိုင် သူတို့လေးတွေအား သူစိမ်းဆန်စွာ ဆက်ဆံခဲ့သေးသည်။ ဒါပေမဲ့ သူ(မ) မရှင်းတာက သူတို့ရဲ့ မိခင်က ဒီလိုမျိုး ဆက်ဆံနေခဲ့တာတောင် သူတို့လေးတွေက ဘာလို့ ဘာမှ မခံစားရတဲ့အတိုင်းရှိနေရတာလဲ ဆိုတဲ့အချက်ပင်။

သူ(မ) လည်းပဲ ငယ်ငယ်ရွယ်ရွယ် နှင့်မိဘများဆုံးရူံးခဲ့ရတာကြောင့် သူတို့လေးတွေ နေရာကနေ အနက်ရှိုင်းဆုံး ခံစားပေးလို့ရပါသည်။ ကလေးတစ်ယောက်တွက် မိဘ တွေအား ဆုံးရှုံး လိုက်ရခြင်းက သူတို့ တွင် အိမ်ဟူသော  အရာကြီး မရှိတော့တာ နှင့် အတူတူပင်ဖြစ်သည်။ ဒီလို ခါးသက်လွန်းတဲ့ အခြေနေမျိုးကို ကိုယ်တိုင် မကြုံဘူးသေးတဲ့ သူတွေကတော့ နားလည်ပေး နိုင်လိမ့်မည် မဟုတ်ပါ။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now