Ch-1 သူ(မ)နိုးထလာချိန် သူ(မ)မှာဘယ်လိုလုပ်ပြီးသမီးတစ်ယောက်ရှိနေရတာလဲ?

157 9 1
                                    

နန့်ဆန် ဆေးရုံရဲ့ အတွင်းလူနာ ထားခန်း။

မကြာမှီတွင် လင်းရီရီ၏ မျက်လုံးများပွင့်လာခဲ့သည်။ သူ(မ)ရဲ့ ကုတင် ဘေးတွင် မိန်းကလေး ငယ်လေး တစ်ဦးရှိနေခဲ့ပြီး သူ(မ)လေးက သူ(မ)ရဲ့ ခေါင်းလေးအား လက်မောင်းကြားထဲတွင်ဝှက်၍ထား‌ ကာ မိန်းမငယ်လေးက
ပန်းရောင်ဖျော့" ပိုးဇာ ဂါဝန် ကိုဝင်ဆင်ထားပြီး သူမအား ခိုးချောင်ခိုးဝှက်ဖြင့် မဝံ့မရဲ ကြည့်နေခဲ့လေသည်။

မိန်းမငယ်လေးတွင် စပျစ်သီးပုံစံ လုံးဝန်းတဲ့ မျက်လုံးဝိုင်းဝိုင်း ကြီးတွေ ရှိနေပြီး သူ(မ)က ဖြူဖွေးသောအသားရည် ကိုလဲပိုင်ဆိုင်ထားသည်။ ထပ်ပေါင်းပြောရရင် သူ(မ) သည် သူ(မ)ရဲ့ ဆံပင် ထူထူ တွေအား ponytail ပုံစံနှစ်ဖက် ခွဲစီးထားပြီး သူမရဲ့ချစ်စဖွယ် မျက်နှာလေးအားဖော်ပြထားသည်။လင်းရီရီ ၏ မျက်တောင်များတစ်ဖျက်ဖျက်ခတ်သွားခဲ့ရပြီး ဒီကလေးမလေးက အရုပ်ဆိုင်ရှေ့တွေမှာတွေ့ရတတ်တဲ့ အရုပ်ကလေး အလားပင် သူ(မ)က တစ်ကယ့်ကို မြတ်နိုးဖွယ်ရာ နှင်းပွင့်ဖြူလေး အတိုင်းပင် ထင်မှတ်ရစေသည်။

လင်းရီရီ သူ(မ)ရဲ့ရူပ်ပွနေတဲ့ ခေါင်းကို ကုတ်ရင်း ထရပ်ခါ "မင်းက..."

"မေမေ နိုးလာပြီလား?"

မိန်းကလေးငယ်ရဲ့ စိတ်လှုပ်ရှားနေတဲ့ခပ်စူးစူးအသံ‌လေးက သူ(မ)ထက်ပင် ပိုစော၍ ထွက်ပေါ်လာခဲ့သည်။ လင်းရီရီ တုန့်ပြန် ချိန်တောင် မရလိုက်ပဲ မိန်းမငယ်လေးက ပြေးလွှားခါ အပြင်သို့ပြေးထွက်သွားခဲ့သည်။ မိန်းကလေးငယ် က ဘယ်သူ့ကို ဒီလောက် အသံကျယ်ကျယ် အော်နေမှန်း လင်းရီရီ မသိတော့ပါ။

"သမီးရဲ့ မေမေ နိုးလာပြီ!"

နေပါအုန်း....
လင်းရီရီ ခေါင်းကုတ်နေတဲ့သူ(မ)၏ လက်များဟာ ရပ်တန့်သွားကာ

မေမေ?

လင်းရီရီ တောင့်ခဲသွားပြီး သူမရဲ့ လက်တွေကို ချခါ နေရာ၌ပင် ခနတာတိတ်ဆိတ် နေမိတယ်။

တစ်ခုခု တော့လွဲနေပြီ ဟ!

သူ(မ)နိုးလာခဲ့ပြီး ဘာလို့ သူ(မ) မှာသမီးတစ်ယောက်ရှိနေရတာလဲ?

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora