CH-22 * ညီမဖြစ်သူကို မနာလိုဖြစ်နေတဲ့ ရန်ငယ်လေး !*
မီးဖိုခန်းကလာတဲ့သင်းပျံ့တဲ့ မွှေးရနံ့က ဒုတိယ အထပ်ထိပါ ပျံ့နှံ့လာခဲ့တယ်
ဒုတိယထပ် မှာ မိန့်ယူ့ရန်က ကျောင်းအိမ်စာလုပ်နေပြီး
မိန့်ရှင်းရှင်းကတော့ အိမ်စာပင်မလုပ်နိုင်ပဲ အိမ်အောက်ထက်သို့ အလျှင်မြန် ပြေးဆင်းပြီး သူမ မိခင် ဘာတွေ ချက်နေလဲဆိုတာ မီးဖိုခန်း တံခါးဘောင်နားကနေ စပ်စုနေလေသည်။
လင်းရီရီ အမှန်တကယ်ကို တံခါးဘောင်နားရှိစပ်စုနေသောကြောင်မလေးအားသတိမထားမိပါ။ ဟင်းအတွက် လိုအပ်တဲ့ ဆော့စ် အားယူရန် ရေခဲသေတာ အားဖွင့်ရန်ပြင်လိုက်စဉ်မှ တံခါးဘောင်နားရှ်ိ မိန့်ရှင်းရှင်းအား သတိထားမိလိုက်လေသည်။
"ရှင်းရှင်း အဲ့နားမှာ ဘာရပ်လုပ်နေတာလဲ?"
မေးခွန်းအားမေးနေပင်မဲ့ လင်းရီရီရဲ့ လက်တွေကတော့ ရပ်တန့်သွားခြင်းရှိမနေခဲ့ သူမကလိုအပ်တဲ့ ဆော့စ်ဗူး အား ယူကာလှည့်ဖွင့်ပြီး အပြုံးလေးဖြင့် " သမီးနဲ့ သမီးအစ်ကို တွက်မေမေ ဘာချက်ပေးမလဲဆိုတာသိချင်လို့ ရပ်ကြည့်နေတာလား?"
"ဟမ်..အင်း"
ချောင်းကြည့်နေတာကို မိသွားတာကြောင့် မိန့်ရှင်းရှင်းလေး မျက်တောင်များ တဖျတ်ဖျတ်ခတ်ခါ အနဲငယ် ရှက်ရွံ့သွားရလေပြီး ထွက်ခွာသွားခြင်းတော့မရှိ သူမလေးက တံခါးဘောင်အား လက်ကလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူမ ဦးခေါင်းလေးက ထိုနေရာမှာပင် ပြူထွက်နေလေသည်။
လင်းရီရီ က သူမလေးအား ဒုတိယအကြိမ် ထပ်ကြည့်လိုက်ပြီး ဒီချစ်စရာကောင်းပြီး နူးညံ့တဲ့ မိန်းကလေးက သူမကို လွယ်လွယ်လေးပဲချစ်ခင်နှစ်သက်လေပြီး သူမလဲပဲ သူမလေးအပေါ်မှာလဲဂရုဏ ဖြစ်မိပါသည်။
လက်ထဲရှိယောင်းမကို ချ မီးကို ပိတ်ခါ လင်းရီရီ သူမလေးအား အနားသို့လာရန်လက်ယှက်ခေါ်လိုက်တယ်။
သူမလေး အနားသို့ရောက်လာသောအခါ လင်းရီရီ ကခေါင်းကို ငုံလိုက်ပြီး " မေမေ အရွက်တွေကိုရေဆေးဖို့ မအားဘူးဖြစ်နေတယ် ရှင်းရှင်း မေမေကို ကူလုပ်ပေးချင်လား"
YOU ARE READING
ဗိီလိန်လေးတို့ရဲ့အမြှောက်စာဇာတ်ကောင်မေမေ (ဘာသာပြန်)
ChickLitThis story not belong to me, If you fine any mistakes that was be my faults. (ပထမဆုံးစပြန်တာ မို့ ဖတ်ရတာ အဆင်မပြေမူများရှိရင် တောင်းပန်ထားပရစေ 🙇🏿♂️)