CH-21

73 7 0
                                    

CH-21 အရေးကြီးဆုံးက လင်းရီရီ အပေါ်ထားတဲ့ လူထုရဲ့ အမြင်က ဒီထက်ပိုပြီးမဆိုးရွား နိုင်တော့ဘူး !(3)

လင်းပင်းက သူ(မ) ခင်ပွန်းလိုမဟုတ်ဘူး ။သူ(မ) ရဲ့ အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းမှာ အောင်မြင်နေယုံမကပဲ သူ(မ)က ကိုယ့်ကျင့်တရားနဲ့ အကျင့်စာရိတ္တ ကောင်းသူတစ်ယောက်လဲဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူ(မ)တို့မိသားစုက ချမ်းသာပြီး လင်းရီရီ မှာ ဒီလိုမိခင်မျိုးကိုပိုင်ဆိုင်ထားတယ်။ အနာဂတ်မှာ သူ(မ) သမီးဖြစ်သူက နောင်တရစရာ ကိစ္စ ရပ်တွေ လုပ်လာခဲ့ရင်တောင် သူ(မ) အနေနဲ့ ရွေးချယ်စရာလမ်းတွေဖွင့်ပေးအုန်းမှာ ။ သမီးဖြစ်သူက သူ(မ)ရဲ့ အကူညီလိုအပ်လာခဲ့ရင်လဲ သူ(မ) တုံ့ဆိုင်းခြင်း မရှိလျှောက်လှမ်းလိုက်မည်။

ဒါပင်မဲ့ သူ(မ) သမီးက မည်သည့်စကားမှမဆိုပဲ သတ်သေဖို့ကြိုးစားတယ်တဲ့လေ ဒါက သူ(မ) မျှော်လင့်ထားခဲ့တာမျိုး မဟုတ်ဘူး။

လင်းပင်း တိတ်ဆိတ်သွားခဲ့ပြီး ဒါတွေကို သူ(မ) စိတ်ထဲမှာပဲထားလိုက်ခါ သမီးဖြစ်သူရဲ့ အလိမ်ညာစကားတွေကို ယုံကြည့်ဟန် ဆောင်လိုက်လေသည်။ "ကောင်းပြီ ,သမီးအခု အသက်၃၀ ရှိနေပြီနော်, သမီးဖြစ်ချင်တာတွေကို လုပ်ပိုင်ခွင့်ရှိတယ်ထိန်းချုပ် မထားနဲ့။ ယူ့ရန် နဲ့ ရှင်းရှင်းက ငယ်သေးတယ် ,သမီးတခုခုလုပ်မယ်ဆို သူတို့လေးတွေကို အရင်တွေးရမယ် မိုက်ရူးရဲဆန်တာမျိုးမလုပ်ရဘူး။ မိခင်ဆိုးတစ်ဦးမဖြစ်စေနဲ့။ အကယ်၍သူတို့လေးတွေ အရွယ်ရောက်လာပြီးမှ နောင်တရပါပြီဆို အချိန်လွန်ခဲ့ပြီဆိုတာ သမီးနားလည်ထားရမယ်။ သူတို့သမီးစကား ကိုနားထောင်ကြတော့မှာမဟုတ်ဘူး။"

ယောင်္ကျားကောင်းတွေ အများကြီးရှိသေးတာပဲလေ ,သူ(မ) နိုင်ငံခြားကပြန်လာရင် သမီးဖြစ်သူတွက် ကြင်ယာဖက် ‌တချို့နဲ့‌ တွေ့နိုင်အောင်စီစဉ်ပေးဖို့က ပြဿနာကြီးမှမဟုတ်ပဲ။ လင်းရီရီ ကသူ(မ) ရဲ့ အဖိုးတန် ကလေး"ပဲ နောက်ပိုင်းမှာသူ(မ)က ဆိုးရွားတာတွေ လုပ်ခဲ့ရင်တောင် သူ(မ) ဘဝ တွက် သူက ကျောထောက်နောက်ခံအားကိုးရာ အနေနဲ့ ရှိနေပေးအုန်းမှာ။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now