Ch-9

79 7 0
                                    

CH-9 ဟေး အတန်းဖော်ရေ မင်း ဒီလိုသာ ဆက်လုပ်နေမယ် ဆိုရင် မင်းမှာ သူငယ်ချင်းတစ်ယောက်တောင် ရှိတော့မှာမဟုတ်ဘူးနော် !(2)

လင်းရီရီ သူ(မ) အား အခန်းအပြင်သို့ထွက်လာ‌ နေကြသော မိန့်ယူ့ရန် ရဲ့ အတန်းဖော်များက တိတ်တခိုး ကြည့်နေကြခြင်းအား သတိထားမိတာကြောင့် သူ(မ) သူတို့အား နူးနူးညံ့ညံ့ ပြုံးပြလိုက်လေသည်။ထိုမျက်နှာချို‌သွေး‌ နေသော အပြုံးကြောင့် ပြေးလွှားနေသော ကျောင်းသား/သူများ မှာ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး ရပ်တန့်သွားကြရလေသည်။

သူ(မ) လဲထိုကလေးတွေ ရဲ့ ခေါင်း‌လေးတွေထဲ ဘာတွေ တွေးနေတယ် ဆိုတာကို မခံမှန်းတတ်ပါ။ သူ(မ) သည် သူတို့၏ အခန်းဖော် ဖြစ်သော မိန့်ယူ့ရန် နှင့် ရုပ်ချင်းဆင်တူပြီး သူဆိုသော အနှီးကောင်လေးမှာလည်းပဲ သူ့၏အခန်း ဖော်များဖြစ်ကြတဲ့ သူတို့အား တစ်ခါလေးတောင်မှ ရင်းနှီးစွာ ပြုံးပြခဲ့ခြင်း မရှိခဲ့ဘူးသော သူသာပင်ဖြစ်သည်။

လင်းရီရီ : အတန်းဖော်များကြားရေပန်းစား‌တဲ့ မိဘတစ်ဦး ဖြစ်ရခြင်းက လဲ သားဖြစ်သူကို ပိုပြီးမျက်နှာပွင့် စေတာပဲ, ဒါကလဲ သူ(မ) က သားဖြစ်သူဆီကနေ မျက်နှာသားပေးခြင်းခံ နိုင်တဲ့ အခွင့်ကောင်းတစ်ခုပဲဖြစ်‌ နေနိုင်တာပဲ !

လင်းရီရီ သားဖြစ်သူထံ လက်ပြလိုက်ပြီး မိန်ယူ့ရန် အပြင်ဘက်စင်္ကြံ ရှိရာဆီသို့  လျှောက်လာခြင်းအား မြင်၍ သူ(မ) သူ့ အနီးနား ဆီသို့ ချင်းကပ်သွားခဲ့ပြီး အဆုံးသတ်တွင် အချင်းချင်း နီးနီးကပ်ကပ် ယှဉ်ရပ်မိသွား ကြ၏  " သား ကျောင်းကန်တင်းမှာ နေ့လည်စာ သွားစားတော့မို့လား?"

မိန့်ယူ့ရန် က အနဲငယ် မျက်မှောင်ကြုံလိုက်ပြီး "အမ်" ဟု အသံပြုလေသည်။ သူ(မ) ကို သူ နဲ့အတူ ကျောင်းကန်တင်းဆီလိုက်ခဲ့ချင်လားဟု မေးလိုက်သင့်လား....

ဒါပင်မဲ့ ကျောင်းကန်တင်း မှာ ဘယ်မိဘ မှ လိုက်စားခဲ့ဘူးတယ်ဆိုပြီး မရှိပဲ။

လင်းရီရီ သူ(မ) ရဲ့လက်အား အနောက်ဘက်မှ ထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ထမင်းဘူးအား အနဲငယ် လှုပ်ရမ်းပြ လိုက်လေသည်။ " မေမေ မင်းတွက် နေလည်စာ ယူလာခဲ့တယ် , ဒါကို အပို အစားစာ အဖြစ်လဲ မှတ်လိုက်လို့ရတယ် ဒါမဲ့ မေမေ လုပ်ထားတာ နဲနဲ လက်လွန်သွားတယ် မင်း သူငယ်ချင်းတွေနဲ့ အတူစားပေါ့ "

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now