CH-19 အရေးကြီးဆုံးက လင်းရီရီ အပေါ်ထားတဲ့ လူထုရဲ့ အမြင်တွေက ဒီထက်ပိုပြီးမဆိုးရွားနိုင်တော့ဘူး !(1)
လူတွေ က လင်းရီရီကို ကောင်းကွက်တစ်ခုမှ မရှိတဲ့ မနှစ်မြိုစရာ လူလို့ပဲသတ်မှတ်ထားကြတာ။
အံ့ဩစရာကောင်းတာက ဒီလိုမိန်းမ မျိုးမှာ ကျော်ဇော်မဲ့ကံကြမ္မာ နဲ့ဆွဲငင်မူ အားကောင်းတဲ့ သားတစ် ယောက် ရှိနေတယ်ဆိုတာပဲ။
လူ့ဘောင်အဖွဲ့စည်း ရဲ့ ယုတ်ညံ့မူ,ကောက်ကျစ်မူတွေ လွှမ်းမိုးထားခြင်းမရှိတဲ့ အားနည်းတဲ့ ဒီလို ဆယ်ကျော်သက်လေး က အပြစ်နာဆာကင်းမဲ့ပြီး ငယ်ရွယ်နုပျိုမူတွေရဲ့ လက်ဆက်ခြင်းတွေကို ခံစားလိုက်ရစေတယ် ။
ဒီအနှီးကောင်လေးက ပျိုမဒီဒေ ကြားမှာရေပန်းစားတယ်ဆိုတာ အံ့ဩစရာတော့ မရှိပါဘူး...
ကျောင်းက ကောင်မလေးတွေတင်မကပဲ ကျောင်းအပြင်ဘက်ရှိအမျိုးသမီးထု ကြီးကြားထဲမှာလဲ ရေပန်းစားမည်မှာ မလွဲဧကန်ပဲ။
အမေက အမေ သားကသားလေ, ဆွဲထည့်နေစရာလိုလို့လား?
အင်တာနက်သုံးစွဲသူတွေက မိန့်ယူ့ရန် ရဲ့ acc မှာ သူ့မိဘတွေနဲ့ သက်ဆိုင်တဲ့ ဘာမှတ်ချက်မှ ပေးစရာမလိုဘူးဆိုတာ နားလည် လက်ခံထားကြတယ်။
လူတိုင်းက လှပတဲ့အရာတွေကို နှစ်သက်ကြတာပဲလေ။ ဒီလို ရိုးစင်းမူနဲ့သန့်ရှင်းနေမူလေးကိုတော့ ဘယ်သူကမှဖျက်ဆီး စေချင်ကြမည်မဟုတ်။
ထိုအပြင် သူက ကလေးအရွယ်သာ ရှိသေး၏။ ဘာအတွက်ကြောင့်များ လူကြီးတွေရဲ့ ရှုပ်ထွေးတဲ့ကိစ္စရပ်တွေကြောင့် ဝမ်းနည်း ပူဆွေး စေရမှာလဲ?။
လင်းရီရီ ကတော့ အခုဖြစ်နေတာတွေကို ဘာမှ မသိပေ။
*******
ကလေးတွေကို ကျောင်းကြိုပြီးနောက်မှာ လင်းရီရီ တစ်ယောက် ချက်ပြုတ်ရန်အတွက် အလုပ်တွေများနေလေတော့သည်။အချိန်နှစ်ရက် ကုန်ဆုံးသွားပြီးနောက် မိန့်ယူ့ရန် နဲ့ မိန့်ရှင်းရှင်း ကတော့ လင်းရီရီ ရဲ့ လက်ရာ ကိုအကြိုက်တွေ့နေပြီ။
သူတို့နေထိုင်ရာ နေရာမှာဗီလာတိုက်ခန်းတစ်ခုဖြစ်ခါ ကျယ်ဝန်းပြီးတောက်ပြောင်တဲ့ မီးဖိုချောင်တစ်ခုလဲရှိလေသည်။ အကောင်းဆုံးမီးဖိုချောင်သုံး အသုံးဆောင်တွေ ရှိနေတဲ့ ဒီနေရာဟာ လင်းရီရီ လို ချက်ပြုတ်ဝါသနာ ပါသူအဖို့ နိဗာန်ဘုံ လေးသာဖြစ်သည်။
YOU ARE READING
ဗိီလိန်လေးတို့ရဲ့အမြှောက်စာဇာတ်ကောင်မေမေ (ဘာသာပြန်)
ChickLitThis story not belong to me, If you fine any mistakes that was be my faults. (ပထမဆုံးစပြန်တာ မို့ ဖတ်ရတာ အဆင်မပြေမူများရှိရင် တောင်းပန်ထားပရစေ 🙇🏿♂️)