CH-17

67 8 0
                                    

CH-17 မူလရည်ရွယ်ချက်က လင်းရီရီ ကို ကျိန်ဆဲမို့ ပဲ ဒါမဲ့ သူတို့ရဲ့ လားရာက မိန့်ယူ့ရန် ရဲ့ဆွဲငင်အားကြောင့် ဦးတည်ချက်ပြောင်းလဲသွားပြီ !(2)

ခုံပေါ်ကို တစ်စုံတစ်ယောက အချိုရည်လာတင်တာကို သတိထားမိတာလိုက်ကြောင့် မိန့်ရန်  မော်ကြည့်တော့ ရှုဲကျဲ , လင်ယုဘင် နဲ့ ရှန်းနျင် တို့ကိုတွေ့လိုက်ရလေသည်။

လင်ယုဘင် မှာ ဖောင်းအစ်နေတဲ့ ကလေးမျက်နှာလေး ရှိပြီး လွန်ခဲ့တဲ့ နှစ် တွေတုန်းက သူ့ကို မိန်းကလေးလို့တောင် အထင် မှားခဲ့ကြသေးတယ်။ သူ ,ရှုဲနဲ့ နဲ့ရှန်းနျင် တို့က သူငယ်ချင်းကောင်းတွေလေ။

ရှန်းနျင် က ကြည့်ကောင်းတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတယ်ပြီး အခန်းထဲက မိန်းကလေးအပြင် တခြား အတန်းက ကောင်မလေးတွေကပါ  တိတ်တဆိတ် ကြိုက်နှစ်သက် ခြင်းကိုတောင် ရရှိထားသူတစ်ယောက်ပေါ့။

သူကတော့ မိန့်ရန် ရဲ့ခုံပေါ်မှာ အချိုရေဘူး လာတင်သူပဲ။

"မင်း တွက် , ငါတို့နဲ့နေ့လည် စားအတူစားခြင်းအထိမ်းမှတ်"

မိန့်ရန် ခနမျှ ငြိမ်ကျသွားခဲ့သည်။

အစပိုင်းတုန်းက သူ့အနေနဲ့ သူတို့နဲ့အတူ ‌နေ့လည်စာ မျှဝေစားမို့ စိတ်ကူးကို ရှိမနေခဲ့တာပါ ဒါပေမဲ့ ဒီအရူးသုံးကောင် က အရှက်မရှိ လိုက်ခေါ်နေခဲ့တာဖြစ်သည်။ နေ့လည်စာဟင်းတွေက အဲ့လောက်လဲ မများပါဘူး ,ဒါပေမဲ့ သူစားလို့ဝ သွားပြီ ဖြစ်တာကြောင့် ပိုနေတဲ့ဟင်းတွေကို သူ့တို့ကိုကျွေးလိုက်မိတာပဲ...

ဒီအအေးတစ်ဗူး တည်းနဲ့ နေ့လည်စာ အတွက် ကျေသွားပြီလို့ ထင်နေကြတယ်ပေါ့?

တွက်ချက်တဲ့နေရာမှာ ဆရာသိပ်ကျတာပဲ ဟ!

ဒါပေမဲ့ သူ့ရဲ့ အပြင်ပန်းမှာတော့ ဘာခံစားချက်ကိုမှ ထုတ်မပြတာ‌ ကြောင့် စိတ်မဝင်စားတဲ့ပုံစံမျိုးဖြစ်နေလေပြီး အမှန်မှာ သူ သူတို့သုံးယောက် ကိုကြည့်မရတာ‌ကြောင့် လျှစ်လျူရူ ထားလိုက်ခြင်းဖြစ်သည်...

ဒါပေမဲ့ အချိုရည်မှာ အပြစ်မှမရှိပဲ...

နောက်ပြီး အချိုရည်ကအေးနေတုန်းပဲ။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now