Ch-10

87 9 0
                                    

‌CH-10 ခေါင်းကိုက်ခြင်းဝေဒနာ နဲ့အတူ လင်းရီရီ အောက်ဆီဂျင် ပြတ်တောက်သွားသလိုပင် ခံစားနေရခြင်း(1)

နေ့လည်ခင်း တွင် လင်းရီရီသည် မိန်ရှင်းရှင်း တတ်နေသော မူလတန်း ကျောင်းရှိရာဆီသို့ သွားခါ သူ(မ) အားသွားကြိုခဲ့လေသည်။

မိန်ရှင်းရှင်း က သူ(မ) တို့အိမ်အနီး ရှိ ကိုယ်ပိုင် KG ကျောင်း တွင် တတ်ရောက်နေတာပင်။ ထိုကျောင်း သည် ပလာဇ ဧရိယာ အနီးတွင် ရှိနေဖြစ်ပြီး အဆောက်အုံ ပုံစံမှာလဲ ကောင်းမွန်စွာ စီမံ‌ ဆောက်လုပ်ထား ပြီး အသစ်တိုင်းပင် ကြည့်၍ကောင်းပါသည်။ ကျောင်းရဲ့ လုံခြုံရေး မှာလဲ ကောင်းမွန် ကာ ကလေးငယ်များ အား ၎င်း တို့၏ ဆရာ/မ ထံမှ မိဘများ တိုက်ရိုက် ပြန်လည် ခေါ်ခြင်း မရှိသည့်တိုင် တာဝန်ရှိ ဆရာ/မ များ၏ အုပ်ထိန်းမူ အောက်တွင်သာ ထားရှိလေသည်။

သို့ရာတွင် , ဆရာမ ဖြစ်သူက မိန်ရှင်းရှင်း အား လာကြိုသော လင်းရီရီ အား မြင်‌လိုက်ရကြောင့် ဆရာမ မှာ သူ(မ) အား ခနခန ကြည့်မိနေပါသည်။

အရင်တုန်းက ဆိုရင် မိန်ရှင်းရှင်း ကို သူ(မ) တို့ အိမ်ထိန်း ဖြစ်သူကသာ လာရောက်ခေါ်ဆောင်တာ ပင်ဖြစ်ပြီး ဒါက မိန်ရှင်းရှင်း ရဲ့ မိခင် ဖြစ်သူ ကို ပထမဆုံးကြိမ် တွေ့မြင်ဘူးတာပင် သူ(မ) က အတော်လေး လှပြီး ငယ်ရွယ် လေသည်....

ဒါပေါ့ ဒီငယ်ရွယ်နုပျိုတဲ့ ရုပ်ရည် ပိုင်ရှင် မိခင်ဖြစ်သူမှာ 13 နှစ်ရွယ် သားတစ်ယောက် ရှိနေသေးတာကိုတော့ ဆရာမ ဘယ်သိနေပါ့မလဲ။

မိန်ရှင်းရှင်း အားအခက်ခဲ မရှိ ခေါ်ပြီးနောက်တွင် သမီး နဲ့ အမေ ဖြစ်သူမှာ မိန်ယူရန် ကိုလည်း ကျောင်းသွားကြိုကြရန်ပြင်ဆင်ကြလေသည်။

မွန်းလွဲပိုင်းအချိန်တွင် ရန် သခင်လေးတတ် နေသောကျောင်းမှာလဲ ကျောင်းဆင်းနေခဲ့ပြီဖြစ်ရာ သားမိနှစ်ယောက်ထွက်လိုက်ခဲ့၏။ မိန်ယူရန်သည် လာကြိုသော ကားပေါ်ကို တတ်လိုက်ကာ ကားနောက်ခန်းသို့ဝင်၍ သူ့လွယ်အိတ်အား ဘေးသို့ချလိုက်ကာ တိတ်တဆိတ်ဖြင့်သာ ထိုင်နေလေသည် ။ သူ(မ) ကားမောင်းနေစဉ်တွင်း ‌သူ(မ) သားဖြစ်သူအား နောက်ကြည့်မှန် မှာ တစ်ဆင့် မသိမသာ အကဲခတ်ကြည့်နေမိပါ၏ သို့ရာတွင် ချောမောတဲ့ ရုပ်ရှည်ပိုင်ရှင် ကောင်လေး၏ မျက်နှာပေါ်တွင် မည်သည့် အမူရာမှ‌ ရှိမနေခဲ့ပါ။ သူ(မ) တွင်ပြောစရာ စကားများ ရှိမနေခဲ့ပါသော်လည်း စကားဝိုင်းတစ်ခုကို ဖန်တီးရန် အလို့ငှာ မေးမြန်းလိုက်လေသည်။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora