CH-15 မည်းမှောင်နေတဲ့ အမူရာနဲ့ မိန့်ယူ့ရန်!(3)
မနေ့ညက ကောင်း"အိပ်မပျော်ခဲ့တာ ကြောင့် မနက်နိုးလာတော့သူ(မ) ခေါင်းကိုက်နေခဲ့ပြီလေ။ သူ(မ) မနက်စာ ပြင်ဆင်လို့ အပြီးမှာ မောင်နှမနှစ်ယောက် အောက်ထက်သို့ ဆင်းလာခဲ့ပြီဖြစ်သည်။
မိန့်ရန် က မိခင်ဖြစ်သူ မျက်ကွင်းညိုနေတာကို တခနတာ စိုက်ကြည့်လိုက်ပြီးနောက် တခြားတစ်ဖက်သို့ လှည့်လိုက်လေသည်။
"ဒီနေ့ သား တွက် နေ့လည်စာ လာပို့ပေးစရာ မလိုဘူး"
သူ(မ)ရဲ့ အသွင်ပြင်ကို ကြည့်လိုက်ပြီး သူ ခံစားမိတာက မနေ့ည ကြည့်လိုက်ရတဲ့ သတင်းကြောင့် အရမ်းဝမ်းနေလိမ့်မယ် ပြီးတော့ သူ(မ) ရဲ့စိတ်အခြေနေက သူ့တွက် ချက်ပြုတ်ပေးဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး။
လင်းရီရီ က မိန့်ရှင်းရှင်း ရဲ့လက်ကိုဆွဲလိုက်ပြီး ထိုင်ခိုင်းစေလိုက်တယ် ။ဒါကိုကြားတော့ သူ(မ) ကချက်ချင်းဆိုသလို သူ့ရဲ့ အကြံပြုချက်ကို ပယ်ချလိုက်
ပြီး " မေမေ က ဘာလို့ ဒီလိုလုပ်ရမှာလဲ ,မင်းက နှစ်လတွင်းမှာ အတန်းတင် စာမေးပွဲဖြေရတော့မှာလေ မေမေ မင်းကို ဒီလိုအချိန်မှာ ပိုဂရုစိုက်ပေးရမှာပေါ့ ကန်တင်း ကအစားသောက်တွေက အိမ်ကချက်တဲ့ အစားစာတွေလောက် ကျန်းမာရေးညီညွှတ်မှာ မဟုတ်ဘူး"မိန့်ရန် က ခေါင်းကိုငုံလိုက်ပြီး ပေါင်မုန့် မီးကင် ကို တစ်ကိုက် ကိုက်ချလိုက်ကာ မပီမပြင်ဖြင့် "ဒါဆိုလဲ မေမေ့ သဘောပဲ"
သူ့ရဲ့ နှုတ်ခမ်း အပေါ်သို့အနဲငယ်ကွေးတတ်သွားတာကိုတော့ သူ(မ) သတိမထားမိလိုက်ပေ။ သူရဲ့ ခံစားချက်တွေ ကောင်းမွန် နေတာပဲ။
တစ်စုံတစ်ယောက် သူ့ကို စိုက်ကြည့်နေတာကို သတိထားမိသွားပြီး သူ့ရဲ့ ညီမငယ် က သူ့ကို လူထူးဆန်းတစ်ယောက်လိုမျိုး ကြည့်နေတာကို မြင်လိုက်ရလေသည်။ သူ့က နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီးနောက်, မှေးမိန် တဲ့အပြုံးလေးကလဲ အဝေးသို့လွင့်စင် သွားလေသည်။
မနေ့က မောင်နှမ နှစ်ယောက်ကို ကျောင်းလိုက်ပို့ပြီးနောက်မှာ သူ(မ) မားကတ် ထဲဝင်ခဲ့ပြီး ဟင်းအမယ် အများအပြားကို ဝယ်ယူလာခဲ့တာဖြစ်သည်။
YOU ARE READING
ဗိီလိန်လေးတို့ရဲ့အမြှောက်စာဇာတ်ကောင်မေမေ (ဘာသာပြန်)
ChickLitThis story not belong to me, If you fine any mistakes that was be my faults. (ပထမဆုံးစပြန်တာ မို့ ဖတ်ရတာ အဆင်မပြေမူများရှိရင် တောင်းပန်ထားပရစေ 🙇🏿♂️)