CH-6

84 7 0
                                    

CH-6 သူတို့ရဲ့ဖခင်က သေသွားပြီဆိုရင် ,သူ(မ)က သူတို့တွက် ကျန်ရှိတဲ့တစ်ဦးတည်းသော မိသားစုဝင်ပါလို့ ဆိုလိုတာလား?(2)

လင်းရီရီ ထိုကိစ္စ ကိုတွေးမနေတော့ပဲ သူ(မ) အခန်းရှိရာ သို့ပြန်သွားခဲ့သည်။

သူ(မ)က မှန်တင်ခုံ ပေါ်တွင် ထိုင်ကာ မှန်ထဲမှ ရောင်ပြန်ဟက် နေသော သူ(မ)ပုံရိပ် အားစိုက်ကြည့်လိုက်မိတယ်။ဒီအမျိုးသမီးက အတော်လှတဲ့ထဲမှာပါပြီး ကြည့်ရတာ သူ(မ)က  အသွင်ပြင် နဲ့ ပတ်သက်ပြီး အလွန် ဂရုစိုက်ကာ ထိန်းသိမ်းပုံပင်။ သူ(မ) ရဲ့ပုံပန်းသွင်ပြင်က အသက် ၂၀ ဝန်းကျင်အရွယ် လို့ ပင် ထင်ရစေကာ ကလေးတို့ရဲ့ အမေပါလို့ ထင်ရက်စရာ မရှိပေ။ သူ(မ) အသားရည် က ဖြူဖျော့ဖျော့ နှင့် ချောမွေ့နေကာ နူးနူးညံ့ညံ့လေး ဖြစ်သည်။

အခု သူ(မ) က ငွေကြေး အပြင် လှပတဲ့ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားသေးတယ် ယောင်္ကျား ဖြစ်သူကလဲ ဆုံးသွားခဲ့ ပြီဆိုတော့ ဒါက လုံးဝကို ideal life ပုံစံမျိုးပဲဟ ..!

သူ(မ) နားမလည် နိုင်တာက ဘာလို့များ မူလ ပိုင်ရှင် က ဒီလို လိုတရ ဘဝမျိုး ပိုင်ဆိုင်ထားတာ တောင် အိပ်ဆေး အများကြီးသောက်ရတာလဲ ဆိုတာ..

ကိုယ့်ကို ကိုယ်အဆုံးစီရင် မို့တွက်လား?

ကြည့်ရတာ သူ(မ) က တစ်စုံတစ်ခု ချို့ယွင်းနေပုံပဲ ဟုတ်တယ်မှတ်လား ?!

သူ(မ) အတွက်ကတော့ ဒီလို နူးညံ့ပြီး နွေး‌ထွေး‌ တဲ့ ၁.၈မီတာ အကျယ်နဲ့ အရှည် ရှိတဲ့ အိပ်ယာထက် ပေါ်မှာ လဲလှောင်းအိပ်စက် ရခြင်းက သူ(မ)အား တိမ်တွေပေါ် ရောက်သွားစေသလိုပင် ခံစားရ‌ စေသည်။ သူ(မ) သည် အလွန် သက်တောင့်‌သက် ဖြစ်နေတာကြောင့် ပျော်ရွှင်စွာ ညည်းထွားလိုက်ရင်း မျက်လုံးများအားမှိတ်ထားလိုက်သည်။

ဒါက လုံးဝကို စံပြ ဘဝမျိုးပဲ။ ဒီထဲကို  ကူးပြောင်းလာခဲ့ရတာလဲ အဆိုးကြီးတော့မဟုတ်ပါဘူး , သူ(မ) ဒီလိုမျိုး ဈေးကြီး ပြီးကျယ်ဝန်းတဲ့ ဗီလာထဲမှာ အေးအေးလူလူ နေရတယ်လေ။

ထိုအချိန် တွင် အခန်းတံခါး မှာပွင့်လာခဲ့သည်။

သူ(မ) က အိပ်နေရာ က ထ ထိုင်လိုက်ပြီး တံခါး ဘက်သို့ လှည့်ကြည့်လိုက်‌ သော်အခါ အခန်းတံခါးကိုကွယ်၍ သူ(မ)အားချောင်းကြည့်နေသည့် မျက်နှာ သေးသေးလေးအားတွေ့လိုက်သည်။ မိန်ရှင်းရှင်း က မျက်ဝန်း ဝိုင်းဝိုင်းတွေ ဖြင့် သူ(မ)အား ကြည့်နေခဲ့တာပင်...

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now