CH-5 သူတို့ရဲ့ဖခင်က သေသွားပြီဆိုရင် ,သူ(မ)က သူတို့တွက် ကျန်ရှိတဲ့တစ်ဦးတည်းသော မိသားစုဝင်ပါလို့ ဆိုလိုတာလား?(1)
လင်းရီရီ သူ(မ) ဒီကိုယ်ထဲ ဘာလို့ ကူးပြောင်းလာလဲ မသိပါ။ ဒါပေမဲ့ အခု သူ(မ) ရဲ့စိတ်တွေက ရှုပ်ရှက်ခတ်ပြီးထွေပြားနေတယ်။ ကလေးတွေအပြင် သူ(မ) မှာ တခြားမိသားစုဝင်တွေသာ ရှိတယ် ဆိုရင် သူတို့က သူ(မ) ဆေးရုံ တင်ထားရတာ သိပြီး သူ(မ)ကို ဆေးရုံမှာလာကြည့်ကြမှာပဲလေ, ဟုတ်တယ်ဟုတ်..?
ဒါပေမဲ့ သူ(မ) ဆေးရုံကနေ နိုးလာပြီး အိမ်ပြန် ထမင်းစားနေသည့်တိုင် ကလေးနှစ်ယောက်ကလွဲရင် သူတို့ အဖေဖြစ်သူကိုတောင် မတွေ့ရသေးပေ။
ဒါဆိုရင်ဖြစ်နိုင်တာက ဒီခန္ဓာကိုယ် ပိုင်ရှင်ရဲ့ ယောင်္ကျား ဖြစ်သူက သေဆုံးသွားတာများလား?
ဟွတ်ဟွတ်...သူ(မ)က မုဆိုးမ တစ်ဦးတစ်ဦးတော့ မဖြစ်နိုင်လောက်ပါဘူး။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ကွာရှင်းထား တာပဲနေမှာပါ။
ဖြစ်သို့ပင်ဆိုစေကာမူ ကလေးတွေရဲ့ အမူအရာက ပြောင်းလဲသွားခဲ့ပင်မဲ့ သူတို့က တခြားမိသားစုဝင်အကြောင်း ပြောကြားခြင်းတော့ မရှိပေ။ ဖြစ်နိုင်တာ က သူတို့ရဲ့ ဖခင်ဖြစ်သူက သေဆုံး သွားလို့ ဒါမှမဟုတ် သူတို့ကို ထားပြီး ထွက်သွားတာပင် ဖြစ်ရမည်။
သူ(မ)အခြေနေ တချို့ကိုသဘောပေါက်လိုက်ပြီး သူ(မ)မေးချင်နေတဲ့ မေးခွန်းအားသေချာစေရန် ထုတ်မေးလိုက်လေသည်။
"မင်း တို့ အဖေရော သူဘယ်မှာလဲ?"
အငယ်လေးနဲ့ အကြီးကောင်လေးရဲ့လှုပ်ရှားမူတွေဟာ ရုတ်တရပ်ဆိုသလို ရပ်တန့်သွားခဲ့ပြီး သူ(မ)အား မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်ကြည့်လာကြသည်။
သူတို့ ရဲ့ မေမေ က ဒီမေးခွန်း ကိုမေးလာတယ်ဆိုတော့ မေမေ့ရဲ့ ခေါင်းမှာ ပြဿနာရှိနေတယ်ဆိုတာ သေချာနေပြီ။ အင်း သူတို့လဲ ဒါကိုသိထားပင်မဲ့ အချိန်တိုင်းဆိုသလို ပြောစရာ စကားများ ပျောက်ဆုံး နေမိပါသည်။
မိန်ယူ့ရန် က နှုတ်ခမ်းကိုမဲ့ချ လိုက်ပြီး သာမန်ကာရံကာ ဖြင့် "သူ သေသွားပြီ"
YOU ARE READING
ဗိီလိန်လေးတို့ရဲ့အမြှောက်စာဇာတ်ကောင်မေမေ (ဘာသာပြန်)
ChickLitThis story not belong to me, If you fine any mistakes that was be my faults. (ပထမဆုံးစပြန်တာ မို့ ဖတ်ရတာ အဆင်မပြေမူများရှိရင် တောင်းပန်ထားပရစေ 🙇🏿♂️)