ဆိုးလ်မြို့ရဲ့ အဆိုတော်ပြိုင်ပွဲတစ်ခုတွင်ဖြစ်သည်။ထိုပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသော အဆိုတော်အဖွဲ့များ တစ်ယောက်တည်းလာပြိုင်ကြသော အဆိုတော်များ ဒိုင်လူကြီးများ ပရိသတ်များဖြင့် ပြည့်နှက်လို့နေသည်။
ပွဲရဲ့နားနေခန်းတွင်ဖြစ်သည်။
"🎶Imagine your face say hello...အဟမ့် hello to me....🎶"
"ထယ်ယောင်း အသံ အဆင်ပြေရဲ့လား..မင်း အဆင်ပြေမှ ဒီပွဲကိုနိုင်မှာနော်..."
"အေးပါ..ငါသိပါတယ် ငါကဘယ်သူမို့လို့လဲ ကင်မ်ထယ်ယောင်းလေ ကင်မ်ထယ်ယောင်း ဒီလောက်ကတော့ အေးဆေး ပါ အဆင်ပြေတယ်"
"အေးပါ အဆင်ပြေတယ်ဆိုလည်းပြီးတာပဲ ခနနေ ပွဲစတော့မှာ..ငါတို့ မြန်မြန်ပြင်ဆင်ရအောင်"
"အေးအေး"
နားနေခန်းထဲ တွင် လေ့ကျင့်နေကြသော အဆိုတော်များ။ထိုထဲတွင် ကင်မ်ထယ်ယောင်းတို့အဖွဲ့ကနာမည်ကြီးသည်။ အသံသြသြလေးနဲ့ သာယာစရာကောင်းတဲ့ အသံကိုပိုင်ဆိုင်ထားသော ကင်မ်ထယ်ယောင်း၊အသံသေးသေးစူးစူးရှရှလေးနဲ့ သီချင်းအမြင့်သံကို ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ ကင်မ်ထယ်ယောင်းရဲ့ သူငယ်ချင်း ပတ်ခ်ဂျီမင်၊ရတ်ပ် ပိုင်းကို လျှပ်စီးလို လျင်မြန်စွာ ဆိုနိုင်ပြီး သီချင်းကို perfectဖြစ်သွားအောင် ကူညီသီဆိုပေးတဲ့ သူငယ်ချင်း ဂျောင်ဟိုဆော့။ထိုသူသုံးယောက်အဖွဲ့ကိုဘယ်သူမှ မယှဉ်နိုင်။ထိုပွဲတွင် ကင်မ်ထယ်ယောင်းတစ်ယောက်တည်းဆိုရမှာဖြစ်သည်။ကျန်တဲ့နှစ်ယောက် က အတီးပိုင်းတွင် ကူညီအားဖြည့်ပေးမှာဖြစ်သည်။အဖွဲ့နာမည်က Alien။ Alien အဖွဲ့ ပါလာပြီဆိုရင် ပြိုင်သူတိုင်းက မိမိတို့ ရှုံးမယ်ဆိုတာ အလိုလိုသိလာပြီ ဖြစ်သည်။ဒါပေမယ့်..........
"ဝိုး ....ငါ့ကမ္ဘာ့ရန်သူလေး ကင်မ်ထယ်ယောင်းပါလား"
"ဟာ...ဂျွန်ဂျောင်ဂု.."
"မင်းက သီချင်းလာဆိုတာလား.."
"အဆိုတော်ပြိုင်ပွဲ လာပါတယ်ဆိုမှ သီချင်းမဆိုလို့ ငါက ထမင်းလာစားရမှာလား သကောင့်သားရဲ့..."
"ဟားဟား...မင်းပြိုင်တော့ရော နိုင်မယ်ထင်နေလား မင်းလို အသံနဲ့..."