2000ခုနှစ်
ဘူဆန်မြို့ အစိုးရကျောင်းတစ်ကျောင်းရဲ့ စတုတ္ထတန်းတွင်ဖြစ်သည်။
"ဂျွန်ဂျောင်ဂု ကင်မ်ထယ်ယောင်း ဂျွန်ဂျောင်ဂု ကင်မ်ထယ်ယောင်း"
အတန်းထဲ တွင် အားပေးလက်ခုပ်သံများဖြင့် ပြည့်နှက်နေသည်။အကြောင်းရင်းကား စတုတ္ထတန်းကျောင်းသားလေးနှစ်ဦး အားပြိုင်နေကြခြင်းပင်ဖြစ်သည်။
"ဂျွန်ဂျောင်ဂု မင်း အရှုံးပေးလိုက်တော့ ဟျောင့် မင်းငါ့ကိုမနိုင်နိုင်ပါဘူးကွာ ဟက်"
"မပေးနိုင်ဘူး ဟျောင့် ငါမင်းကိုနိုင်ကိုနိုင်စေရမယ် ကင်မ်ထယ်ယောင်း"
ဒီလိုဖြင့် ကျောင်းခေါင်းလောင်းသာထိုးသွားတယ် သူတို့မှာပြိုင်လို့မပြီးသေး။ ဆရာမ၀င်လာတော့မှာသာ ရပ်တန့်သွားသည်။
"မင်းတို့နှစ်ယောက် ခုထိပြိုင်ဆိုင်လို့မပြီးကြသေးဘူးလား ဟမ် မင်းတို့ကြောင့် မင်းတို့ မိဘတွေကိုခေါ်ရပေါင်းလည်းများပြီ နည်းနည်းပါးပါးလေး အားနာပါအုန်း မင်းတို့မိဘတွေကို"
ထိုအချိန် သူတို့ နှစ်ယောက် က တစ်ယောက်ကိုတစ်ယောက်မုန်းတီးတဲ့အကြည့်နဲ့ ကြည့်ကာ တိတ်ဆိတ်သွားကြရသည်။
ခနကြာတော့....
"အော် ဆရာမတစ်ခုပြောဖို့ မေ့နေမိတယ် အဲ့တာက ဒီနှစ်မင်းတို့ရဲ့ နောက်ဆုံးစာမေးပွဲမှာ အားလုံးပျော်ရအောင် ဉာဏ်စမ်းလေးတွေထည့်ထားတယ်"
"ဟာ...."
တစ်တန်းလုံးပြိုင်တူ အသံထွက်ကာ ထိန့်လန့်ကုန်ကြသည်။
"ဟာ မနေနဲ့ ဒါ မင်းတို့ရဲ့အရည်အချင်းကို စမ်းသပ်တာပဲရအောင် ဖြေခဲ့ကြ ကြားလား"
"ဟုတ်...."
ကျောင်းသူကျောင်းသားများ သက်ပြင်းချကာပြန်ဖြေကြသည်။ ထိုထဲတွင် ဂျွန်ဂျောင်ဂုနဲ့ ကင်မ်ထယ်ယောင်းမပါခဲ့ ဉာဏ်စမ်းဆိုတာ နဲ့ အလိုလိုပြိုင်ဆိုင်လိုစိတ် အနိုင်ယူစိတ်တွေက ပေါ်ပေါက်လာခဲ့လေသည်။ဒါကြောင့် သူတို့ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြသည်။
စာမေးပွဲ မဖြေခင် နှစ်ရက်အလို....
At 10 pm
"သား အနားယူပါအုန်းသားရယ် မင်းစာပဲလုပ်နေတာ ထမင်းလည်းကောင်းကောင်းမစားဘူး အိပ်ချိန်တွေလည်းနည်းတယ် ဒီလိုနဲ့ သား လဲကျသွားမယ်နော်"