ထယ်ယောင်း ကိုယ်၀န်ဟာ ၆လရှိခဲ့ပီဖြစ်သည်...အမွှာလေးကိုလွယ်ထားရတဲ့အတွက် ကိုယ်၀န်ဟာ ၆လ ကိုယ်၀န်ထက်ကြီးနေသည်...သေချာဂရုစိုက်ရသည်....ဂျောင်ဂုသည် ထယ်ကိုယ်၀န်စရှိတဲ့နေ့မှစ၍ ထယ်နားပဲနေသည်...ဂျောင်ဂုအဖေက သူ့ကိုJeon groupရဲ့Ceoနေရာဆက်ခံဖို့ပြောသော်လည်း သူငြင်းသည်...ခုချိန်ဟာ သူ့ထယ်နဲ့ကလေးဟာ အရေးကြီးဆုံးမို့ ကလေးလေးတွေမွေးပြီး ကျောင်းနေအရွယ်ရောက်မှ နေရာဆက်ခံမယ်ဆိုပြီး တောင်းဆိုထားတဲ့အတွက် ဂျောင်ဂု အဖေမှာ သူ့သားဖြစ်သူကိုမနိုင်လို့လက်ခံပေးထားရသည်...
At home....
"ထယ်လေး ရေ...မနက်စာရပြီ လာတော့နော်...ဖြေးဖြေးလည်းလာ...ချော်လဲမယ်"
"ဟုတ် လာပြီ ကိုကိုရေ..."
ထယ်ယောင်းမှာ ဗိုက်ကိုကိုင်ခါးလေးထောက်ကာ အပေါ်ထပ်ကနေဆင်းလာသည်။..လှေကားအောက်ဆုံးရောက်ဆော့ ချော်လဲမလိုဖြစ်သွားသည်။..ဂျောင်ဂုက မြင်လေတော့....
"အမယ်လေး"
"သတိထား!!"
"ဟဲဟဲ"
"ကင်မ်ထယ်ယောင်း မင်းကို သတိထားလို့ ငါပြောတယ်လေ မတော်ကလေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲကွ မင်းဒါလေးတောင်မသိဘုးလားဟမ်"
ဂျောင်ဂု က စိတ်ပူလွန်ပြီး အော်လိုက်တော့ ထယ်ယောင်းမှာငိုမဲ့မဲ့လေးဖြစ်သွားသည်။...ပြီးတော့ ကင်မ်ထယ်ယောင်းဆိုပြီး စိမ်းစိမ်းကားကားကြီးခေါ်လိုက်တဲ့အတွက်ကြောင့် မျက်ရည်များကျမိလေသည်....
"ထယ် ထယ့် အမှားပါ တောင်းပန်ပါတယ် နောက်သေချာသတိထားပါ့မယ် အဟင့်"
"ဟာ ထယ် မငိုနဲ့လေ...ကိုယ်တောင်းပန်ပါတယ် စိတ်ပူလွန်လို့အော်မိသွားတာပါ နော်"
"အဟင့် ဘာလို့ ကင်မ်ထယ်ယောင်းလို့ စိမ်းစိမ်းကားကားကြီးခေါ်တာလဲ ဟင့်"
"အယ် နောက် ကိုယ်မခေါ်တော့ဘူးနော် စိတ်လွတ်သွားလို့ပါ ကိုယ်ခုအရမ်းကြောက်နေတာ ကိုယ်တို့ကလေးလေး တစ်ခုခုဖြစ်မှာကိုလေ ပြီးတော့ ကလေးထိရင် ထယ်လည်းထိမှာလေ..ကိုယ့်မှာ ရင်ပူလွန်းလို့ပါထယ်ရယ် နော် မငိုနဲ့နော် ကိုယ်တောင်းပန်တယ်နော်..."