ဒီနေ့ဟာ သူတို့ချစ်သူစဖြစ်တဲ့နေ့....ချစ်သူတွေသာဖြစ်သွားပါတယ် ခုထိမတည့်ကြသေးတဲ့ မျောက်လေးနှစ်ကောင်.....
Studioတွင်ဖြစ်သည်။
"ကကွက်ကို ကွာ ဒီလိုပြန်ပြောင်းလိုက် ဘာလို့ဆို ဟိုဘီဟျောင်းပြီးရင် ကျွန်တော်မလား အဲ့တော့ အမြန် ချိန်းနိုင်အောင် အဲ့လိုပြောင်းလိုက်မှအဆင်ပြေမှာ"
ထယ်ယောင်းက ကကွက်ပြောင်းဖို့ပြောနေချိန်ဂျောင်ဂုက....
"ခနနေ အုန်း အဲ့လိုဆို ၀င်တိုက်ကုန်မှာပေါ့ ဒီမှာ ဟိုဘီဟျောင်းက အရှေ့မှာဆိုနေတဲ့ချိန်မှာ ထယ်က အလယ်မှာနေလိုက် ဟိုဘီဟျောင်းဆိုပြီးရင် ထယ် ၀င်လိုက်လေ"
"ဟာ မရပါဘူး ငါပြောတဲ့နည်းလမ်းကပိုအဆင်ပြေတယ်"
"မဟုတ်ဘူး ထယ် ငါပြောတာနားထောင် အဲ့နည်းလမ်းက ကောင်းတယ်လို့"
"ဂျွန် ဂျောင် ဂု!! မင်း"
"ကဲ ကဲ တော်ကြပါတော့ကွာ မင်းတို့ကလည်း ချစ်သူဖြစ်တာ တစ်လကျော်ပြီ ခုထက်ထိ မတည့်ကြသေးဘူးလား ဟမ် ဘယ်လိုများ ချစ်သူဖြစ်လာတာလဲ"
ယွန်းဂီ၀င်ပြောမှသာ ရပ်သွားတော့သည်။
"ကဲ leader ကြီး နမ်ဂျွန်းရှီ ဘယ်နည်းလမ်းက ပိုအဆင်ပြေလဲခင်ဗျ"
နမ်ဂျွန်းဟာ ဆေးရုံကနေ အလုပ်ထွက်ပြီး အနုပညာ ထဲ၀င်ခဲ့သည်။ ခုသူဟာ အဖွဲ့ခေါင်းဆောင်ဖြစ်နေသည်။
"ငါ့အထင်တော့ ထယ် ပြောတာ ပိုနည်းလမ်းကျတယ်"
"ရေး ဒါ မှ ငါ့အကိုကွ"
"အကိုနမ်ဂျွန်း ဘာလို့လဲဗျ"
"အကို့ညီမို့ ဘက်လိုက်တာမဟုတ်ပါဘူးကွာ သူပြောတာဆိုရင် ဟိုဘီက အရှေ့မှာဆိုနေရင် ထယ်ကိုဘေးမှာထားလိုက် ဆိုပြီးမှာ roling ချိန်းပြီး နေရာ၀င်လိုက်ရင် ပိုအဆင်ပြေတယ် အလယ်ဆိုရင် နည်းနည်းဝေးတယ် သီချင်းက မြန်တော့ နီးတာကိုပဲယူလိုက်တာပါ အဲ့တာကြောင့်"
"၀ိူး နမ်ဂျွန်း မင်းကတော်သားပဲ"
ဆော့ဂျင်က နမ်ဂျွန်းကိုချီးမွမ်းစကားပြောလာတော့ နမ်ဂျွန်းက ပြုံးကာ