သာယာသော မနက်ခင်းလေးမှာ ချစ်ရသူနဲ့ အတူရှိနေရတဲ့ အခိုက်အတန့်လေးဟာ တကယ်ကိုကြည်နူးစရာပင်။ဂျောင်ဂု ခုထိမထသေးတဲ့ ကလေးငယ်လေးကို အကြာကြီးငေးကာကြည့်နေမိသည်။
"ကလေး မင်းကလေ ဘယ်လိုပြောရမလဲတောင် မသိရလောက်တဲ့ထိကို လှရက်တယ်ကွာ မင်းရဲ့မျက်လုံး မျက်ခုံး နှုတ်ခမ်း လေးတွေ တကယ်ကိုစွဲမက်စရာပါပဲ မင်းကို ပိုင်ဆိုင်ရတာ ကိုယ်တကယ်ကိုကံအကောင်းဆုံးပါပဲ မင်းနားနေနေရရင်ကိုကိုယ်ဟာ ကံကောင်းတဲ့လူပါ တကယ်ပါ မင်းကိုထွက်မပြေးသွားအောင် ကိုယ့်ရင်ခွင်ထဲ သော့ခတ်သိမ်းထားချင်မိတယ် ကွယ်"
စကားသံကြားတော့ လှုပ်စိ လှုပ်စိပွင့်လာတဲ့ မျက်လုံးတစ်စုံ...
"ဂျောင်ဂု အစောရီးနိုးနေတာလား "
"အင်း"
"ဒါဆိုငါ့ကိုနှိုးလိုက်တာမဟုတ်ဘူး"
"အင်း"
"တအင်းအင်းနဲ့ ဘာဖြစ်နေတာ ၀မ်းချုပ်နေတာလား"
"အင်း"
"ဂျောင်ဂု.."
သူ့ကိုအော်ပြီး စိတ်ကောက်သွားသော ကလေးငယ်..ဂျောင်ဂုကြည့်ပြီး အော်ရယ်မိသည်။
"ဟဟ ထယ်ကလည်းကိုယ်ကစတာပါ ထယ်လေးအိပ်နေတာလေးက ကြည့်ကောင်းလွန်းလို့ မနှိုးရက်တာ"
"စကားကတော့သေအောင်တတ်တာနော် အတိတ်ဘ၀က နာမည်ကြီး ကဗျာဆရာ သေပြီး၀င်စားတာကြနေတာပဲ "
"မဟုတ်ပါဘူး ကွာ ရင်ထဲက လာတာပါဗျာ"
"ဟုတ်ပါပြီ ကဲထတော့ မနက်စာ သွားလုပ်မယ်"
"ဟုတ် အမိန့်တော် အတိုင်းပါဗျ"
သူတို့နှစ်ယောက်ဟာ လက်မထပ်ရသေးပေမယ့် အတူနေကြသည်။ ဂျောင်ဂုက ထယ့်နားပဲနေမယ်လို့ နားပူနားဆာလုပ်လွန်းလို့ လူကြီးတွေက ခွင့်ပြုပေးခဲ့ရသည်။
ထမင်းစား၀ိုင်းတွင် ထယ်က စားဖို့ အဆင်သင့်စောင့်နေပြီး ဂျောင်ဂုက တော့ ထယ်ကြိုက်တတ်တာတွေကို ချက်ပြုတ်ပေးနေသည်။
'၀ါး ငါ့ ချစ်သူက ဟင်းချက်နေတာတောင် စမတ်ကျနေတာ သိပ်ချစ်ဖို့ကောင်းတာပဲ"