သူတို့သီချင်းကို ထုတ်ဝေပြီးဖြစ်သည်။ကြည့်ရှုသူ သန်းချီသည်။အတော်ကို နာမည်ကြီးခဲ့သည်။ကိုရီးယားနိုင်ငံတင်မက ကမ္ဘာထိတောင် သူတို့မဖျော်ဖြေတဲ့ မြို့ဆိုပင် မရှိပေ။ယခုလည်း သူတို့ဘူဆန်မှာသွားဖျော်ဖြေရမည်။
"ကဲ ငါတို့က မနက်ဖြန်ညပိုင်းလောက်ဖျော်ဖြေရမှာဆိုတော့ ဒီနေ့နဲ့ မနက်ဖြန် မနက်ပိုင်းပဲ လျှောက်လည်လို့ရမှာ အဲ့တော့ သွားရအောင်"
"နေပါအုန်း ထယ်ယောင်းရဲ့ ဂျောင်ဂုတို့ကိုပါခေါ်အုန်းလေ ငါတို့ကြည့်ပဲသွားရင် မကောင်းဘူးဟ"
"ဟာ မခေါ်ချင်ပါဘူး သူတို့နဲ့ အလုပ်ကြောင့်သာ ခေါ်ပြောနေရတာ အဲ့ကောင်ကို မုန်းလွန်းလို့ ကြည့်ကိုမကြည့်ချင်ဘူး"
ထိုစဥ် bang အဖွဲ့၀င်လာသည်။
"အိုး ဟို .... မကြည့်ချင်ဘူးတဲ့လား ငါ့ကို ငါဒီလောက်ရုပ်ချောတာကို မင်း ကမကြည့်ချင်ဘူးဆိုတော့ သဘောကျသွားပြီ"
"ဘာကွ......!!"
" နေ့ခင်းကြောင်တောင် မိုးကြိုးပစ်တာလား လန့်တာ ထယ်ယောင်းရယ်"
"မင်း ဘာပြောလိုက်တယ် ဂျွန်ဂျောင်ဂု!!"
"သဘောကျတယ်လို့ ပြောတာပါ"
"မင်း ..."
"ဟေ့ ဟေ့ တော်ကြပါတော့ ဘယ်ချိန်ထိမုန်းနေကြအုန်းမှာလဲ"
"ငါက မမုန်းပါဘူး သဘောကျတယ်"
ဟုတ်ပါတယ် သူတကယ်ကိုထယ်ယောင်းကို သဘောကျနေတာပါ ဘယ်ကနေဘယ်လိုစဖြစ်မှန်း မသိပေမယ့် သေချာတာကတော့ သူထယ်ယောင်းအပေါ် အမုန်းတွေ လျော့ကျလာပါပြီ သူ့ကိုယ်သူတောင် မသိလိုက်ပဲ ထယ်ယောင်းကို ချစ်မိနေပါပြီ သူ ကစသလိုသာပြောနေပေမယ့် သူရင်ထဲ ပြုံးနေမိပါတယ်
'ငါဘာလို့ သူ့အနားနေချင်နေမိပါလိမ့် သူ့မျက်နှာကို ဘာလို့ခနခန မြင်ချင်မိပါလိမ့် သူ့ကို မတွေ့ရရင် တစ်ခုခုလိုနေသလိုခံစားနေ ပါလိမ့် ဘာတွေလဲ
လူတွေ ပြောတဲ့ အချစ်ဆိုတာလား ဟာ...မဖြစ်နိုင်တာ ငါကဘာလို့ယောက်ျားတစ်ယောက်ကို ချစ်ရမှာလဲ အရူးအတွေးတွေ မတွေးစမ်းနဲ့ ဂျွန်ဂျောင်ဂု ရပ်လိုက်'