Part 5

433 18 0
                                    

Alien အဖွဲ့နဲ့ Bangအဖွဲ့တို့ studio တစ်ခုတွင်ဆုံမိကြသည်....

"ငါတို့က ပူးပေါင်းပြီးတော့ သီချင်းဆိုရမှာ ဖြစ်တဲ့ အတွက် နှစ်ဖွဲ့လုံးရဲ့ အားသာချက်တွေကို ပရိတ်သတ်ရှေ့ပြနိုင်ဖို့လိုတယ် ပြောချင်တာကကွာ ငါတို့ရဲ့ အကောင်းဆုံးကို လုပ်ဖို့ပဲ"

"အေး ဟုတ်တယ် Alien PDပြောသလိုပဲ ခုက နှစ်ဖွဲ့ပေါငါးဆိုတော့ တစ်ဖွဲ့တည်းက ပဲကောင်းနေလို့မရဘူး နှစ်ဖက်လုံး အပေးအယူမျှမျှတတ လုပ်မှ အကောင်းဆုံးဖြစ်မှာ"

"ဟုတ်ကဲ့ပါ PD ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ် ဒါနဲ့ ဘယ်သူတွေက ဘယ်အပိုင်းတွေ ကိုဆိုရမှာလဲ"

ဂျောင်ဂုက မေးလေတော့ ထယ်ယောင်းက...

"PD ကြီး ကျွန်တော် ဦးဆုံးဆိုမယ်လေ ရမလား"

"မရဘူး ငါတို့ခွဲပြီးသွားပီ အစပိုင်းက ဂျောင်ဂုဆိုရမှာ"

"ဘာလို့လဲ ကျွန်တော်ဆိုချင်တယ်လေ"

"အဲ့အပိုင်းက ဂျောင်ဂုအသံနဲ့မှ ရမှာ"

ထိုသို့ပြောတော့ ထယ်ယောင်း နှုတ်ခမ်းလေးဆူကာ စိတ်ကောက်သွားသည်။ဂျောင်ဂု မြင်တော့ ခိုးရယ်မိသွား ကာ သူတွေ့သွားမှာ စိုးလို့ အမြန် ရုပ်ကိပြန်တည်ရသည်။

'သူ့ထက်သာချင်ပါတယ်ဆိုမှ သူက ပထမဦးဆုံးဆိုရမယ်တဲ့ တကယ်ပါပဲ'

"ဒါဆို ကျွန်တော်က ဘယ်နေရာမှာဆိုရမှာလဲ"

"အင်း မင်းက ဂျောင်ဂုပြီးရင် ဆိုရမှာ"

"ဘာကြီး...မဆိုချင်ဘူး သူ့နောက်မှဆို မဆိုချင်ဘူး"

"အဟမ့် ​ကြောက်တာလား...."

"ကြောက်စရာလား မင်းကို......PD!!!ပြောင်းပေးလို့ မရဘူးလား..."

"မရဘူး ထယ်ယောင်းရဲ့ သူ့ကီးနဲ့ ကိုက်မယ့်သူကိုရွေးထားတာ "

"ဟွန့်..... ပြီးတော့ ရတယ်ရတယ် ဆိုမယ်"

စိတ်ဆိုးကာပြောနေပေမယ့် ဘယ်လိုတောင် ချစ်ဖို့ကကောင်းတာလဲ.....

ဒီလိုနဲ့ သူတို့ ဆိုရမယ့်သူတွေ ခွဲပြီးတော့ ပြန်သွားကြသည်.....ထိုစဥ်မပြန်သေးတာက ဂျီမင်နဲ့ ယွန်းဂီပင်။

Hate to love[complete]Where stories live. Discover now