"ဟျောင့် ဂျောင်ဂုမင်းဘယ်ရောက်နေတာလဲ မနေ့ကမင်း အခန်းထဲမှာလည်းမရှိဘူး ဘယ်တွေသွားနေတာလဲ"
"အော် ဒီလိုပါပဲ မူးပြီး တစ်နေရာရာမှာ အိပ်ပျော်သွားတာပါ "
ဂျောင်ဂု ယွန်းဂီနှင့် ဆော့ဂျင်တို့ ဟိုတယ်က စားသောက်ဆိုင်တွင် ထမင်းစားနေစဥ်....ထယ်ယောင်းတို့ရောက်လာကြသည်။
"အော် ဂျီမင်ရှီ တို့ ဒီကိုလာကြလေ လာ အတူစားကြတာပေါ့"
ယွန်းဂီက ဂျီမင်တို့ကို အတူစားဖို့လှမ်းခေါ်သည်။ဂျီမင်ကသွားမယ်ကြံတော့ ထယ်ယောင်းက ဆိုင်ထဲက ထွက်သွားသည်။
"ဟျောင့် ဘယ်သွားမလို့လဲ မနက်စာစားမယ်လေ"
"မင်းတို့ပဲစားတော့ကွာ ငါစားချင်စိတ်မရှိဘူး"
ပြောကာထွက်သွားလေသည်။ ထွက်သွားတဲ့ထယ်ယောင်းရဲ့ကျောပြင်ကိုကြည့်ကာ ဂျောင်ဂုတွေးလေသည်....
'ငါ စတာများလွန်သွားလား မသိဘူး သူ့ကြည့်ရတာ မျက်နှာမကောင်း စိတ်မချမ်းသာတဲ့ပုံပဲ ငါ့ကြောင့်နေမယ် သူဒီလိုဖြစ်နေတာ....ဟူး...ဒါပေမ
မယ့် ဒီကလေးပေါက်က စိတ်မချမ်းသာတာတောင် ချစ်စရာလေး သူ့ကို စ လက်စနဲ့ ဆက် စ ထားမယ် ပြီးမှ သူပျော်အောင် လုပ်ရမယ် ဟိဟိ'"ဟျောင့် ဂျောင်ဂု ဘာတွေ တွေးနေလို့ ဒီလောက်တောင် ပြုံးဖီးနေတာလဲ "
"အော် မင်းခုနကတွေ့လား ထယ်ယောင်းမျက်နှာမကောင်းဘူးလေ အဲ့တာကိုတွေးပြီးပြုံးနေတာ"
"ဟ မင်းက သူများမျက်နှာ မကောင်းတာကို ပြုံးဖီးနေတာ တကယ် သောက်ကျင့်က တစ်စက်မှမကောင်းဘူး ငါ့အတိုင်းပဲ"
"ဟားဟား"
သူတို့ စားသောက်ဆိုင်ထဲတွင် အေးဆေး စားသောက်နေကြသည်။ထယ်ယောင်းကတော့...
"ငါဘယ်လိုလုပ်ရမလဲဟာ ရှေ့လျှောက်သူ့အခွက်ပဲတွေ့နေရမှာ အဆင်ပြေမနေဘူး ဂျွန်ဂျောင်ဂု ကွာ ဒီလိုနည်းနဲ့ ငါ့ကိုအနိုင်ယူတယ် ငါကတော့သူ့ကိုချစ်နေရတာ သူက သူက ငါ့ကို အရုပ်တစ်ခုလိုပဲသတ်မှတ်တာလား....အေးပေါ့ သူလည်းငါ့ကိုမုန်းနေတာပဲလေ...ငါလည်းမင်းကို မုန်းတယ် အရမ်းမုန်းတယ်ကွာ အဟင့်"