ထယ်ယောင်းရဲ့ကိုယ်၀န်ဟာ ၉လရှိနေပြီဖြစ်သည်....ဂျောင်ဂုတော်တော်လေးစိတ်ပူရကာ အတော်လေး မအိပ်နိုင် မစားနိုင်ဖြစ်ရသည်...
"ထယ် ဗိုက်တွေနာနေလား ခေါင်းတွေကိုက်နေလား တစ်ခုခုဖြစ်ရင်ကိုယ့်ကိုပြောနော်"
"ကိုကိုရယ် အိပ်ပျော်အောင် အိပ်ပါအုန်း ငါ့ကိုကို ငါ့ကြောင့် အိပ်မပျော်စားမ၀င်ဖြစ်နေရတာ ပင်ပန်းနေပြီ အနားယူအုန်းနော်"
"ဟာ မဖြစ်ပါဘူး ထယ့်due date ကနီးနေပြီ မတော်လို့ ကိုယ်အိပ်နေချိန် တစ်ခုခုထဖြစ်ရင်ဘယ်လိုလုပ်မလဲ"
"ကိုကိုကလည်း ထယ်တစ်ခုခုဖြစ်ရင် ကိုကို့ကိုပြောမှာပေါ့"
"မရဘူး မရဘူး ထယ်ပြောရတယ် မရှိအောင် ဂရုစိုက်ရမှာကိိုကို့တာ၀န် ကိုကို့ကြောင့် ထယ်ရော ကလေးရော မဆုံးရှုံးချင်ဘူး ထယ်ရယ်"
"ထယ် ဘာမှမဖြစ်ဘူးဆိုနေ အား"
ထိုစဥ်ထယ်ယောင်းက ရုတ်တရတ်ထအော်လိုက်တော့ ဂျောင်ဂုမှာ ပြာပြာသလဲဖြစ်ကာ အရူးတစ်ယောက်လိုပင်..
"ထယ် ထယ် ဘာဖြစ်တာလဲ မွေးတော့မယ် ထင်တယ် လာလာ ဆေးရုံသွားမယ်"
"နေပါအုန်း မမွေးသေးပါဘူး ကလေးလေးတွေက အကြောဆန့်တာနေမှာ ထယ့်ကလေးလေးတွေ အိပ်နေတယ် တိုးတိုး ရှူး"
"ဟုတ်လို့လား ထယ်ရယ် ကိုယ်စိတ်မချဘူးနော်"
"တကယ် ဘာမှမဖြစ်ဘူးဆို"
"အာ့ဆိုလည်း ဟုတ်ပါပြီ"
ဂျောင်ဂု ခုမှ စိတ်နည်းနည်းအေးသွားရသည်...သို့သော် သူလုံး၀စိတ်အေးသွားတာတော့မဟုတ်...
"ဒါနဲ့ကိုကို ဂျီမင်နဲ့ အကိုယွန်းဂီ နောက်လဆိုပြန်လာပြီနော်"
"ဟုတ်တယ် သူတို့လည်းပင်ပန်းသွားပြီ ကိုကိုတို့ ငါးယောက်အစားလုပ်ပေးနေရတာ"
"ဒါပေမယ့် လည်း ထယ်တို့ မရှိပဲသူတို့လုပ်နိုင်သွားတယ်လေ ခုကြည့်အုန်း ဘယ်လောက်တောင် လုပ်နိုင်လဲ ဆိုတော့ ချစ်သူတွေတောင်ဖြစ်သွားကြပြီ အဲ့ ငဂျီကတော့ ပြောတော့ဖြင့် တွဲ၀ူး ချစ်၀ူး ဘာလေးနဲ့ တွဲတာ နှစ်လတောင် ရှိပြီ"