ဒီနေ့ ထယ်ယောင်းက အဖြူရောင်တီရှပ်လေးကို၀တ်ဆင်ထားကာ အောက်က လည်းအဖြူရောင်ဘောင်းဘီဖြင့် အပေါ်က အညိုအောင် ကုတ်အင်္ကျီလေးကို၀တ်ဆင်ထားသည်...ဆံပင်အညိုရောင်လေးတွေဟာ အရှေ့သို့အနည်းငယ်ကျနေကာ လုံး၀ကိုချစ်စရာကောင်းနေသည်....
ထိုစဥ်အခန်းထဲ၀င်လာတဲ့သူ....
"ဟာ...ထယ်!!"
"အမယ်လေး လန့်တာ ဖြေးဖြေး ခေါ်ပါ ကိုကိုရယ်"
လှည့်ကြည့်လိုက်တော့ ထယ်နဲ့ဆင်တူ အညိုရောင်ကုတ်နဲ့ ဘောင်းဘီဖြူကို၀တ်ထားလေသည်..ဆံပင်ကို အပေါ်လှန်သိမ်းထားကာ တစ်ချောင်းနှစ်ချောင်း ရှေ့ကျနေသည်...ယောက်ျားဆန်လိုက်တာ..
"ထယ် ဘယ်လိုတွေ၀တ်ထားတာလဲ"
"ဘာလို့လဲ ပုံမှန်ပဲ၀တ်ထားတာလေ..ဘယ်နားမှ အဖော်ထားပါဘူး"
"အရမ်းကိုချစ်စရာကောင်းနေလို့လေ...သတို့သားက ဂျီမင်လား ထယ်လား"
"ဟော် ကိုကိုကလည်း..ကိုယ့်သူငယ်ချင်းမင်္ဂလာဆောင်လေ စုတ်စုတ်ပြတ်ပြတ်ပြင်သွားလို့ဘယ်ရမလဲ"
"တော်ကြာ ထယ့်ကို တစ်ခြားသူတွေ၀ိုင်းကြည့်ကြရင် ဘယ်လိုလုပ်မလဲ"
"အော် ကြည့်ပေါ့ သူတို့မှာမျက်လုံးပါလို့ကြည့်တာပဲကို"
"ထယ် နော်.."
"ဟုတ်ပါပြီဗျာ...မပူပါနဲ့ ထယ်က ကိုကို့နားမှာပဲအမြဲရှိနေမှာ လုံး၀ခွာဘူးနော် ထယ်က ကိုကို့အပိုင်ပဲလေ"
"အင်းပါ ဟုတ်ပါပြီ ပြီးရော အာ့ဆိုလည်း..ဒါနဲ့သားတွေရော.."
"အော်ဟုတ်သား...ခုနက ပဲ အင်္ကျီလဲပေးပြီးတာ ဘယ်နားသွားဆော့နေပြန်ပြီလဲ မသိဘူး"
"အိမ်ရှေ့မှာထင်တယ်.."
"ဟုတ်မယ်"
နှစ်ယောက်အတူသွားကြည့်လေတော့ ထင်သည့်အတိုင်းပင် ဆော့နေကြတဲ့ မျောက်လေးနှစ်ကောင်...ဂျောင်ထယ်လေးနဲ့ ထယ်ဂျွန်းတို့ဟာ ခုဆို လေးနှစ်ရှိပြီဖြစ်သည်....အနောက်တိုင်း၀တ်စုံ သေးသေးလေးကို ဆင်တူ၀တ်ထားကာ...အလွန်တရာပင်ချစ်စရာကောင်းနေကြသည်...