Part 13

401 19 0
                                    

ဂျောင်ဂု တစ်ယောက် ဘာကိုမှမမြင်တော့ ကားကိုအရှိန်ဖြင့်မောင်းလာကာ သူ့ကလေးဆီ အမြန်ပြန်လာသည်။

"ထယ် ကိုယ့်ရဲ့ကလေးရေ....ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါနဲ့ အဟင့်"

ဂျောင်ဂုတစ်ယောက် မျက်ရည်များစီးကျလာကာ ရင်ထဲအတော်ကိုခံစားနေရသည်။

ဆေးရုံသို့ရောက်သောအခါ...

"ဆရာမ ဆရာမ ခုနက ကားတိုက်ခံလိုက်ရတဲ့ ကိုယ်၀န်သည်အမျိုးသား ဘယ်မှာလဲ ဟင်"

"ခုနက ခွဲခန်း၀င်သွားတယ်ရှင့် ဒီကနေဘယ်ဘက်ချိုးသွားလိုက်ရင် ရောက်...."

သူနာပြုဆရာမစကားပင်မဆုံးလိုက် ပြေးထွက်သွားသော ဂျောင်ဂု

ခွဲခန်းရှေ့ရောက်တော့ ဂျောင်ဂုတစ်ယောက်....ဒူးထောက်ကျသွားကာ အငိုကြီးငိုနေသည်။ ပါးစပ်ကလည်း တစ်ခုခုကိုအဆက်မပြတ်ရေရွတ်နေသည်။

"ထယ် ဘာမှမဖြစ်ပါနဲ့ တောင်းပန်ပါတယ် ကိုယ်မသွားခဲ့သင့်တာ ထယ့်ကိုတစ်ယောက်တည်းမထားခဲ့သင့်တာ ကိုယ့်အမှားပါ ထယ်ရယ် ကိုယ်အပြစ်ခံပါ့မယ် ထယ်ဘာမှမဖြစ်ပါစေနဲ့"

၃နာရီလောက်ကြာတော့ အထဲကနေ ဆရာ၀န်များ ထွက်လာကာ...

"ဒေါက် ဒေါက်တာ ထယ် အဆင်ပြေလားဟင် ကျွန်တော့် ကလေး ကလေး ရောဒေါက်တာ"

"လူနာကတော့ ခေါင်းထိသွားတယ် ဆေးရုံကိုအမြန်ရောက်လို့ သူအသက်အန္တရာယ်ကနေတော့ လွတ်သွားတယ် ဒါပေမယ့်...."

"ဒါပေမယ့် ဘာဖြစ်လဲ ဒေါက်တာ မြန်မြန်ပြောပါ ဒေါက် တာရယ် အဟင့်"

"လူနာကို ကယ်လိုက်နိုင်ပေမယ့် ကလေးကိုတော့ မကယ်နိုင်ခဲ့ဘူး တောင်းပန်ပါတယ် လူနာကိုယ်၀န်ပျက်ကျသွားခဲ့တယ်"

"ဗျာ!!!!"

ဂျောင်ဂုတစ်ယောက် ယူကျုံးမရဖြစ်ကာ အားကိုမရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ဖင်ထိုင်ကျမိသွားသည်။လက်သီးကိုလည်းကျစ်ကျစ်ပါအောင်ဆုတ်ထားကာ ကြမ်းပြင်သို့ ထိုးနေမိသည်။

"ဖေ့ဖေ့ ကလေး လေး ငါကွာ ငါအသုံးမကျတာ ငါ့ကြောင့် ငါသာ ငါသာ သူတို့ကိုမထားခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ငါ့ကလေးလည်း ဒီလိုအသက်ဆုံးရှုံးမှာ မဟုတ်ဘူး ခုတော့ကွာ ......တောက်"

Hate to love[complete]Where stories live. Discover now