မနက်ရောက်တော့ ကြားလိုက်ရတဲ့ သတင်းက ထိတ်လန့်စရာပင်....ဖုန်းသံမြည်လာသည်...
"ဟယ်လို အေး ယွန်းဂီပြော"
"ငဂျောင် ခုချက်ချင်း ဆိုရှယ်မီဒီယာကို အမြန်ကြည့်လိုက် မင်းနဲ့ထယ်ယောင်းသတင်းတွေတက်လာတယ်"
"ဘာကွ"
ယွန်းဂီပြောတာကိုကြားတော့ချက်ချင်းဖုန်းချကာ လိုင်းပေါ်တက်ကြည့်လိုက်သည်။တွေ့လိုက်ရသည်မှာ...
'သတင်းထူး....နာမည်ကြီး အဆိုတော် များဖြစ်တဲ့ ဂျွန်ဂျောင်ဂုနဲ့ ကင်မ်ထယ်ယောင်းတို့ဟာ ငြိစွန်းနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ် နောက်ပြီး ကင်မ်ထယ်ယောင်းဟာ ဂျွန်ဂျောင်ဂု ရဲ့ ရင်သွေးကိုလွယ်ထားရပြီးမကြာသေးခင်ကလည်း ကင်မ်ထယ်ယောင်းဟာ ကလေးကို မလိုချင်လို့ဆိုပြီးဖျက်ချခဲ့ပါတယ် လက်မထပ်ရသေးပဲ အတူနေနေကြတဲ့ သူတို့ ကင်မ်ထယ်ယောင်းဟာ ဘာလို့ဖျက်ချခဲ့တာလဲ တကယ်ပဲကလေးမလိုချင်လား သူနဲ့ ဂျွန်ဂျောင်ဂု ဟာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းကြမလဲ...??'
"တောက် ဘယ်ခွေးက ဒီလိုသတင်းစုတ်ကို တင်လိုက်တာလဲ ကျစ်"
"အေးယွန်းဂီ ငါတွေ့ပြီ...ဒါကိုဘယ်ကောင်တင်တာလဲ
"တင်တဲ့သူကိုမဖော်ပြထားဘူးဟ ငါ့အထင်တော့ သူဌေးယူလို့ထင်တယ်...မင်း တို့ကုမ္ပဏီကိုယူချင်နေတာလေ မင်းက အမွေဆက်ခံသူဆိုတော့ ကြားထဲကနေဖြတ်ခုတ်ဖို့ကြံနေတာ မင်းကလည်း နာမည်ကြီးအဆိုတော်ဆိုတော့ ဖြုတ်ချဖို့လွယ်နေတာ"
"တောက် ငလူး သားအဖတွေ စိတ်ဓာတ်တွေကိုက အောက်တန်းကျတာမှ ဟိုးအောက်ရောက်နေပြီ...သူ့သမီးနောက်လိုက်သွားချင်နေပြီထင်တယ်"
"ဟျောင့် ဒီတစ်ခါတော့ အဲ့လိုမလုပ်နဲ့ သူ့ကိုသတ်ရင် မင်းပဲ အထိနာ မှာ ပြီးတော့ထယ်ယောင်းကိုပိုထိခိုက်လိမ့်မယ် သူ့ကိုခပ်ပြင်းပြင်းလေး မှတ်သွားအောင် ပညာသားပီပီပြန်ချေပလိုက်"
"အိုကေ ဟုတ်ပြီ သူ့ကိုအထိနာပြီး ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်ကို ထိရင် အမျိုးတုံးသွားမယ်ဆိုတာ ပြရတာပေါ့ကွာ အဓိကက ထယ့်ကိုထိခိုက်မှာပဲ ကြောက်တာ"