အိမ်သို့ဝုန်းဒိုင်းကျဲကာ ပြန်လာသော ကင်မ်ထယ်ယောင်း။ အခန်းထဲသို့ ဒေါသတကြီး သားဖြစ်သူကို ဧည့်ခန်းထဲက ဒယ်နဲ့မားက အထိန့်တလန့် ဖြင့် လိုက်လံ ထိန်းရသည်။အခန်းထဲက ရှိသမျှ ပစ္စည်းတွေကို ပစ်ခွဲ ခုံတွေလည်းရိုက်ခွဲ လိုက်ကာတွေ ရော အိပ်ယာခင်းတွေ စောင်တွေ ခေါင်းအုံးတွေရော ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်။သားဖြစ်သူဖြစ်နေပုံကို ဒယ်နဲ့မား က မယုံကြည်နိုင်လောက်အောင်ဖြစ်လေ သည်။
"သားရယ် ဘာတွေဖြစ်လာတာလဲ ပြိုင်ပွဲမှာ မနိုင်လို့လား ပြောပါအုန်း"
".........."
"ဟေ့ကောင် မေးနေတာဖြေလေ ကွာ"
"ပြိုင်ပွဲက နိုင်ပါတယ် ဒယ်နဲ့မားရယ်.....ဒါပေမယ့်"
"ဒါပေမယ့် ဘာဖြစ်လို့လဲ"
"သားက ပထမရတာကို ပူးတွဲ ပထမရတယ်တဲ့ ပူးတွဲတဲ့ ပူးတွဲ"
"မင်းနဲ့ ပူးတွဲရတာ ဘယ်သူတုန်း.."
"ဘယ်သူရှိရမှာလဲ ဒယ်ရာ ဟို ခွေးကောင် ဂျွန်ဂျောင်ဂုပေါ့....."
"အော် သားရယ် ဘာများလဲလို့ မင်းနဲ့သူက အမြဲပူးတွဲရနေကြပဲလေ ခုလည်းပူးတွဲရတာ မဆန်းပါဘူးကွာ"
"ပူးတွဲ ပူးတွဲ အဲ့ပူးတွဲဆိုတာကြီးကို မုန်းတယ် ဘယ်ဘ၀က အကုသိုလ်တွေ မို့ ဒီလိုကောင်နဲ့ တစ်တန်းတည်း ဆက်ဆံခံနေရတာလဲ ဘာလို့ပူးတွဲဖြစ်နေရတာလဲ ကွာ ချီးပဲ......"
"ဟေ့ကောင် လူကြီးရှေ့ မရိုင်းနဲ့လို့ ပြောထားတယ်လေ ဆင်ခြင်စမ်း"
"sry ပါ ဒယ် ပါးစပ်က လွှတ်ကနဲထွက်သွားတာ"
"သားရယ် အဲ့လောက်ထိ ဒေါသမဖြစ်ပါနဲ့ သားနဲ့ သူက ငယ်ငယ်ကတည်းက သိလာကြတာပဲ သံယောဇဥ်ကိုတော့ ငဲ့လေ နော်"
"သံယောဇဥ် အဲ့လိုကောင်မျိုးက သားရဲ့ သံယောဇဥ်နဲ့တောင် မတန်ဘူး မား လုံး၀ မကျေနပ်ဘူး အဲ့ကောင်ကို တကယ်ကိုသတ်ပစ်လိုက်ချင်တယ် တောက်စ်"
"သားရယ်"
"ကဲပါ ဟန်နီ သားကို စိတ်အေးသွားအောင် ခနလွှတ်ထားလိုက်ပါ ကိုတို့ မနှောင့်ယှက်ကြအောင်
ကဲသား မင်းလည်း အဲ့လောက်ဒေါသထွက်မနေနဲ့ စိတ်ကိုလျော့ထား ဒယ်ပြောထားတာ မှတ်မိတယ်မလား"