"Appa~~"
ဘူဆန်မြို့ရဲ့တစ်နေရာ~
ကောင်းကင်ပြာရောင်တစ်ထပ်အိမ်လေးထဲမှ
ကောင်လေးတစ်ယောက်ရဲ့ခေါ်သံ~
သာမန်အိမ်လေးသာဖြစ်ပေမဲ့ နွေးထွေးလွန်းတဲ့မိသားစုလေးနေထိုင်ရာအိမ်လေးပေါ့
အရမ်းကိုသာယာလှတဲ့အိမ်လေး
အဖေရယ် အမေရယ် သားငယ်လေးတစ်ယောက်ရယ်နဲ့ အရမ်းကိုပြီးပြည့်စုံတဲ့အိမ်လေးပေါ့ အိမ်လေးရဲ့နေရာအနှံ့အပြားမှာပျော်ရွှင်စရာတွေနဲ့ချည်းပဲပြည့်နှက်နေတာတဲ့
အိမ်ရဲ့ဘယ်ရှု့ဒေါင့်ကပဲကြည့်ကြည့် ဒီမိသားစုလေးဟာ နွေးထွေးတဲ့မိသားစုလေးဖြစ်နေတုန်းပါပဲ~~ဒီကြည်နူးစရာကောင်းကင်အိမ်လေးထဲမှာ
Mr.Jeonရယ်Mrs.Jeonရယ်နဲ့ သူတို့ရဲ့တစ်ဦးတည်းသော ချစ်လှစွာသော26နှစ်အရွယ်သားငယ်လေးJeon Jungkook တို့နေထိုင်ကြတယ်တဲ့~အခုများတော့ Mr.Jeonတစ်ယောက် သူ့သားရဲ့ခေါ်သံနဲ့အတူ တောင်းဆိုလာသမျှလိုက်လျောပေးဖို့အတွေးက ခေါင်းထဲမှာ
တစီထဲ"ဟော ဘာများချွဲဦးမို့ပါလိမ့်...
အမိန့်ရှိပါခင်ဗျာ့""ဟီးဟီး appaကလဲ"
"ဟားဟား သားအကြောင်းကို သိပြီးသားပါဗျာ"
"ဒီတစ်ခါ kookieကတကယ်ပြောမှာပါ~"
"ဟုတ်ပြီဗျာ...ပြောကြည့်"
"ဟိုလေkookie...designerသင်တန်းတက်ပြီး designerလုပ်ချင်လို့~~"
"ဟင်...သားကတစ်ခါမှမပြောဖူးတာတွေပြောလို့ပါလား မှန်းစမ်း...ဖျားများနေတာလား"
Mr.Jeonတစ်ယောက် ထူးထူးဆန်းဆန်းတွေပြောနေတဲ့သူသားကိုကြည့်ပြီး နေမကောင်းဘူးအထင်နဲ့ လက်တစ်ဖက်ဟာသား၏နှဖူးပြင်ပေါ်သို့.....
"ဟာ..မဟုတ်ပါဘူးappaရဲ့..
kookieကတကယ်ပြောနေတာ""ဟေ..နေပါဦးကွ...သားကယောက်ျားလေးလေ~"
"Appaကလဲယောက်ျားလေးdesginerမလုပ်ရဘူးလို့ ဘယ်သမ္မတကပြောထားလို့လဲ"
"ကဲကဲ...ဒါဆိုပြောသားကဘယ်မှာတက်ချင်တာလဲ.."
"Seoulမှာ~~~"
"မရဘူး!!"
သားအဖနှစ်ယောက်စကားပြောနေတာကို
ဟင်းတွေချက်ပြီးလို့မီးဖိုချောင်တံခါးဝမှာအစအဆုံးရပ်နားထောင်နေတဲ့Mrs.Jeon
သားရဲ့စကားသံအဆုံး အော်လိုက်တဲ့အသံငယ်"ကတည်းကမိဘတွေနဲ့မခွဲဖူးတဲ့သားကိုတစ်ယောက်တည်းလွှတ်လိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်။
တစ်မိသားစုလုံးပြောင်းရွှေ့ဖို့ကျပြန်တော့လဲ
အဆင်မပြေပြန်။
ဒီကိစ္စကိုတော့လုံးဝလိုက်ရောပေးလို့မဖြစ်။"Omma~"
"appaလဲခွင့်မပြုနိုင်ဘူးသား"
"ဘာလို့လဲလို့~"
jungkookတစ်ယောက်အလိုမကျဟန်ဖြင့်မေးလိုက်သည်။
"ဆိုးလ်ဆိုတာက ဘူဆန်လိုမဟုတ်ဘူးသား....အရာရာအဆင်မပြေနိုင်ဘူးလေ~"
"ဘာလို့အဆင်မပြေရမှာလဲappaရဲ့
ပြေအောင်လုပ်ရင်ပြေပါတယ်"Mr.Jeonသက်ပြင်းတစ်ချက်ချကာ
"အပြောကလွယ်တယ်...ပြီးတော့သားကိုလဲတစ်ယောက်တည်းစိတ်မချဘူး"
"Appaတို့ပါလိုက်ခဲ့ပေါ့လို့"
"အဲ့လိုကျလဲအဆင်မပြေဘူးလေသားရဲ့"
Mrs.Jeonကဝင်ပြောလိုက်သည်။
"Ommaတို့ကလဲဗျာ...တော်ပြီ...kookieကိုခွင့်မပြုပေးမချင်း..ထမင်းလဲစားဘူး
ရေလဲမသောက်ဘူး..ဟွန့်"ပြောပြီး ခြေစောင့်ကာအခန်းထဲဝင်သွားပါသောအဆိုးလေးjungkook။
Jeonမောင်နှံနှစ်ဉီးမှာလဲ သက်ပြင်းချရုံမှအပ
တခြားမတတ်နိုင်ကြ။______________________________________
ပထမဆုံးရေးတဲ့ficလေးမို့အရေးအသားကတော့ သေချာပေါက်မကောင်းနိုင်ပါဘူးဗျာ့။ပထမပိုင်းလေးမို့အပိုင်းတို"လေးပဲupပေးထားတာပါ။ နောက်အပိုင်းတွေမှပဲ Taehyungဘက်ကိူသွားပေးပါ့မယ်။
Thank for reading 🌷
#Taekook #bottomkook #bl
