Taehyungဒီရက်ပိုင်းထဲ companyမှာပဲ အချိန်ပြည့်နေ'နေရသည်။
အရင်ရက်တွေထဲမှာ သူမျက်ဝန်းဝိုင်းလေးဆီကို နေ့စဉ်ရက်ဆက်သွားတွေ့နေတာနဲ့တင် အလုပ်တွေပျက်နေတာမို့ အခုတော့အလုပ်တွေတစ်ပုံကြီး ဖြစ်နေလေပြီ။
အခုဆိုမျက်ဝန်းဝိုင်းလေးဆီမသွားဖြစ်တာ 1ပတ်ပင်ကျော်နေပြီဖြစ်သည်။*ဒေါက်* *ဒေါက်*
"ဝင်ခဲ့"
"CEO...ဒါနောက်လုပ်မဲ့projectအတွက် အကြမ်းဖျင်းပါ"
"အင်း...ထားခဲ့.."
မန်နေဂျာမလေးမှာ အေးစက်စက် သူတို့CEOကြောင့် တုန်နေတဲ့ခြေထောက်တွေကို မနဲအားပြုကာ အခန်းထဲမှမြန်မြန်ထွက်လာလိုက်ရသည်။
"ဟူးး"
သက်ပြင်းချသံနဲ့အတူ ထိုင်ခုံကိုခပ်လျောလျောမှီထိုင်လိုက်တဲ့ Taehyung...
မပြီးနိုင်တဲ့အလုပ်တွေကြားထဲ ခေါင်းစိုက်ကာ လုပ်နေရတော့ လူကဘယ်လိုမှစိတ်မကြည်နိုင်...သူမျက်ဝန်းဝိုင်းလေးကို အရမ်းလွမ်းနေပြီလေ။နာရီကိုတချက်ကြည့်လိုက်တော့ 6နာရီပင်ကျော်နေပြီ။
သူခနစဉ်းစားလိုက်ကာ...ခုနကမန်နေဂျာလာပေးသွားတဲ့ဖိုင်ကို အပြီးအစီးဖတ်နေလိုက်သည်။မကြိုက်တဲ့အချက်လဲမရှိတာမို့...ဖိုင်ကိုကိုင်...အပေါ်ကကုတ်ကို ထပ်ဝတ်ကာ အပြင်သို့ထွက်လာခဲ့လိုက်သည်။"စာအချောစီလိုက်"
"ဟုတ်ကဲ့ပါCEO..."
အခုချိန်က မျက်ဝန်းဝိုင်းလေး သင်တန်းဆင်းတဲ့အချိန်မို့ သူသွားကြိုဖို့ကိုလောနေမိသည်။
1ပတ်နီးပါးတောင်မတွေ့ထားရတာမို့ အခုသူတွေ့ဖို့လိုနေပြီ...ဒါမှသူ့စိတ်ကလေးကြည်လင်သွားမှာ..။=======
*jungkook Whistle~~~*
"ဟိတ်!"
"ဘယ်သွားမလို့လဲ"
Jungkookအခုမှသင်တန်းဆင်းတာမို့ လေလေးချွန်ကာ ကိုယ့်စက်ဘီးကိုယ်တွန်းရင်း အေးအေးဆေးဆေးသွားနေတာကို ဘယ်ကမှန်းမသိတဲ့ ကောင်လေး2ယောက်က သူ့ကိုမအေးဆေးအောင်လာလုပ်နေလေသည်။
"ဘယ်သွားသွားပေါ့ဗျာ...ခင်ဗျားတို့နဲ့ဘာဆိုင်လဲ"
"အိုးဟိုး...အစွာလေးပါလား"