Part 16~

278 22 7
                                    

"မျက်ဝန်းဝိုင်းလေး"

"ဟုတ်hyg"

"ဒီမှာနေရတာအဆင်ပြေလား"

"ဟုတ် ပြေပါတယ်"

"အိမ်ပြန်ချင်ရင် ပြောနော်...ကိုယ်ပြန်လိုက်ပို့ပေးမယ်"

"ဟင်...

ဟုတ်"

Taehyungပြောလိုက်တဲ့စကားအပေါ်ကို အဓိပ္ပါယ်ကောက်လွဲသွားတဲ့jungkookတစ်ယောက် မျက်နှာလေးညှိုးကျသွားလေတော့သည်။

yoonဆိုတဲ့တစ်ယောက်ကို hyugကြိုက်ခဲ့ဖူးကြောင်း လိုက်ခဲ့ဖူးကြောင်းကို yoongi hygဆီကနေသိခဲ့ရသည်။
အခုhygက သူ့ကိုအဲဒီမမကြောင့် ဒီမှာမနေစေချင်တော့တာများလား။

သူကရော ဒီအိမ်ကနေဘာလို့ ထွက်မသွားချင်နေရတာလဲ။

"Taehyung"

"အော် Yoon"

သူနဲ့hygစကားပြောနေတဲ့ ဧည့်ခန်းထဲကို ရောက်လာတဲ့ hygသူငယ်ချင်း ဒါမှမဟုတ် hygရဲ့အချစ်ဦး...။

"စကားပြောနေကြတာလား"

"အင်း ဟုတ်တယ်.."

"ဒါနဲ့ ဟိုကောင်ရော?"

"Yoongiလား...သူ့ဟာလေးနဲ့ သွားdateလေရဲ့.."

"အော်..."

"နင်ပျင်းလို့လား...ဒီနေ့တော့အိမ်မှာပဲနေဦး...နောက်နေ့ကျမှ ငါတို့လျှောက်သွားကြတာပေါ့.."

"အင်းပါ...

စကားမစပ်jungkookက ဒီမှာနေတာလား.."

"အင်း ဟုတ်တယ်...အခြေနေလေးတစ်ခုကြောင့်ပါ..."

"အော်..."

စကားဝိုင်းထဲတွင်တော့jungkookဟာ အပိုလူတစ်ယောက်လိုခံစားနေရလေသည်။

"hyg.."

"ဟင် ပြောလေ မျက်ဝန်းဝိုင်းလေး"

"ကျွန်တော် အပေါ်တက်တော့မယ်"

"ဟုတ်ပါပြီဗျာ...ဖြေဖြေးတက်ဦးနော် လှေကားပေါ်တွေ‌ကို.."

"ဟုတ်.."

Taehyungရဲ့ဂရုစိုက်မှုတွေဟာ သူ့ဆီကနေ jungkookဆီ ကူးပြောင်းသွားတာကိုမြင်နေရတဲ့yoonတစ်ယောက် စိုးဆေးကူထားတဲ့ နှုတ်ခမ်းရဲရဲအားကိုက်ကာ jungkookကိုကြည့်နေသည်ကိုတော့ ဘယ်သူမှမမြင်လိုက်ပေ။

မောင့်ဗီတာမင်~~Where stories live. Discover now