"အင်း~..အဟင့်"
jungkook၏ငိုသံကြောင့် အိပ်ယာဖျားပေါ်တွင် ခေါင်းတင်ကာမှေးနေတဲ့Taehyungမှာ ချက်ချင်းဆိုသလို နိုးလာလေပြီ။
လက်2ဖက်ဟာလဲ jungkookရဲ့လက်ကလေးကို ထွေးပွေ့ထားဆဲ။"မျက်ဝန်းဝိုင်လေး~"
သူ့အသံကိုအနူးညံ့ဆုံးအနေအထားသို့ပြောင်းကာ ညင်ညင်သာသာလေးခေါ်လိုက်လေသည်။
သို့သော် မျက်လုံးမှိတ်လျက်သားနဲ့ပင် မျက်ရည်တွေစီးကျနေတဲ့ အိပ်ယာပေါ်ကjungkookကတော့
တုန်ယင်နေလေ၏။"အဟင့်...မလာနဲ့!...ထွက်သွား!.."
"မျက်ဝန်း..."
*အာ့*
ရုတ်တရက်မျက်လုံးပွင့်လာတဲ့ jungkookဟာမျက်ရည်တွေပြည့်လျှံနေတဲ့မျက်ဝန်းတွေဖြင့် သူ့ကိုကြောက်စရာလူတယောက်သဖွယ် ကြည့်ကာ လက်တဖက်က သူ့လက်ပြင်အား ကုတ်ချလိုက်သည်။
စပ်ဖျင်းဖျင်းဝေဒနာအား ခံစားနေရသော်လဲ စိတ်အစုံဟာ မျက်ဝန်းဝိုင်းလေးဆီမှာသာ စုပြုံနေလေတော့ ဝေဒနာတွေဟာလဲ သူ့အတွက်အရေးကြီးမနေတော့ပေ....။
"မျက်ဝန်းဝိုင်းလေး!"
အိပ်ယာပေါ်ကိုတက်သွားလိုက်တာနဲ့ ကုတင်ဒေါင့်ထိကို ပြေးကပ်သွားပြီး နှုတ်ခမ်းမှလဲ မလာဖို့ကိုတားမြစ်နေသေးသည်။
"မထိနဲ့!...အဟင့်...မလာကြနဲ့လို့!"
ဒူးနှစ်ဖက်ကြားထဲ မျက်နှာအပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ မျက်ဝန်းဝိုင်းလေးကြောင့် Taehyungမှာပိုပြီး နာကျင်လာရလေသည်။
ကိုယ်ကြောင့်!...ကိုယ့်ကြောင့်ဖြစ်ရတာပါကွာ။
ကိုယ်သာ အဲ့ဒီထက်စောစောရောက်လာခဲ့ရင် မျက်ဝန်းဝိုင်းလေး အခုလိုခံစားရမှာမဟုတ်ဘူး။မျက်နှာဝှက်ထားတာကြောင့် အလစ်ဝင်ကာ ကိုယ်လုံးလေးအား ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်လေတော့
အင့်'ခနဲအသံပြုကာ ပါလာသည်။"မကြောက်နဲ့နော်…ကိုယ်ရှိတယ်...ကိုယ်ကမင်းကိုအန္တရာယ်မပြုပါဘူး~"
ပျော့ပြောင်းသော အသံနဲ့စိတ်ငြိမ်သွားအောင် ချော့ကာပြောပေမဲ့လဲ အကြောက်လွန်နေတဲ့ကလေးလေးမှာ တုန်ယင်ကာ ရုန်းကန်နေရှာသည်။