"hyg...ဘာလုပ်နေတာလဲ.."
"နိုးပြီလား..."
"နိုးလို့...ဆင်းလာတာပေါ့.."
"ဟားဟား..ဟုတ်ပါပြီ..."
"ကျွန်တော်မေးတာဖြေဦးလေ.."
မနက်စာပြင်နေတဲ့သူ့အနား...အိပ်ချင်မူးတူးရုပ်နဲ့ လာကပ်နေတဲ့မျက်ဝန်းဝိုင်းလေး...။
"အော်...ကိုယ်ကရေညှိထမင်းကြော်နေတာလေ...ကြိုက်တယ်မလား.."
"ကြိုက်တော့ကြိုက်ပါတယ်..."
"ဟင်...ကြိုက်တော့ကြိုက်ပါတယ်ဆိုတာ ဘယ်လိုမျိုးလဲ.."
"ကျွန်တော်က ကြက်ဥကြော်လေးပါစားချင်တာ..."
"ကိုယ်လုပ်ပေးမယ်လေ.."
"ဟီးဟီး..ဟုတ်..အဲ့ဒါဆို ကျွန်တော်မျက်နှာသွားသစ်လိုက်အုံးမယ်နော်.."
"ဟုတ်ပြီ..."
မျက်နှာမသစ်ပဲအောက်ဆင်းလာတဲ့ကောင်လေးအား ဖင်ကိုနာနာလေးသာရိုက်ပစ်လိုက်ချင်သည်။
အတွေ့နဲ့မတူစွာ လက်တွေ့မှာတော့ ခေါင်းခါယုံသာတတ်နိုင်၏။"Taehyung"
"မင်းမနေ့ညကဘာလို့ပြန်မလာတာလဲ..."
မနေ့ညက jiminနဲ့ပြန်လိုက်သွားပြီး အိမ်ပြန်မလာတဲ့yoongiဟာ အခုမှသူ့ဟာလေးနဲ့ ရောက်လာသတဲ့...။
"ငါက...မင်းနဲ့jungkookအတွက်အချိန်ကောင်းကိုဖန်တီးပေးတာလေကွာ.."
"ထားပါတော့.."
"ဟို...jungkookအခြေအနေရော?.."
jiminမှာ jungkookကိုအလွန်စိတ်ပူနေဟန်ဖြင့် မေးသည်။
"အခုတော့ ကောင်းသွားပါပြီ"
"တော်ပါသေးတယ်..."
"ဒါနဲ့ ငါတို့2ယောက်မနက်စာမစားရသေးဘူး..မင်းတို့နဲ့စားမှာ..."
"မရဘူး!.."
အချောင်ဂုန်းဆင်းချင်နေတဲ့ ဖြူစုတ်စုတ်ကောင်ဟာ အရင်ငယ်ကျင့်တွေအခုထိသယ်လာတုန်း။
"မရလဲ...စားမှာပဲ.."
စကားထက်အရင်လူက စားပွဲဝိုင်းရှိခုံတွင်ထိုင်ပြီးနေပြီ...။
"ဟာ...jiminတို့ရောလား.."
"jungkook...ဟျောင့် ဘယ်လိုနေသေးလဲ...သက်သာလား.."
