Part 13~

253 20 4
                                    

"မျက်ဝန်းဝိုင်းလေး!!.."

Taehyungတစ်ယောက် jungkookရဲ့အော်သံကိုကြားလိုက်တာကြောင့် ဆန်ပြုတ်လုပ်နေရင်းနဲ့ အေပရွန်အားချွတ်ကာ အပေါ်ထပ်အခန်းအားအမြန်သွားကြည့်လေတော့ jungkookဟာ ခေါင်ဘီးချွန်ဖြင့် သူ့လည်ပင်းသူထိုးဖို့လုပ်နေလေသည်။

မျက်လုံးတွေပြာဝေသွားကာ ဘာမှမစဉ်းစားနိုင်‌တော့ဘဲ အမြန်ပင် jungkookလက်ထဲမှခေါင်ဘီးအားလုလိုက်သည်။
သို့သော် jungkookသည်ထိုခေါင်းဘီးအား လွတ်မပေးခဲ့။
ပြန်ကာဆွဲထားသည်။
Taehyungဟာလဲ မရရအောင်လုပြန်သည်။

ဒီလိုနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ကာ Taehyungရဲ့လက်မောင်းကို ထိုးစိုက်သလိုဖြစ်သွား၏။
ထိုအခါမှjungkookဟာ Taehyungလက်မောင်းမှ သွေး‌တွေစီးကျနေတဲ့ဒဏ်ရာအား တွေတွေလေးကြည့်နေလေသည်။

ဒီအ‌ခြေအနေအား အခွင့်အရေးယူကာjungkookလက်ထဲမှသွေးပေနေတဲ့ ခေါင်းဘီးအားအဝေးသို့လွှင့်ပစ်ကာ jungkookရဲ့ကိုယ်လုံးလေးကို ဆွဲဖက်ထား
လိုက်သည်။
လက်မှဒဏ်ရာ၏နာကျင်မှုကို မခံစားရလောက်တော့တဲ့အထိ သူ့ရင်ထဲကအပူမီးဟာပို၍ပူပြင်းနေခဲ့ပါ၏။

"ဘာလို့...ဘာလို့အဲ့ဒီ့လိုလုပ်ရတာလဲကွာ"

Taehyungရဲ့အသံတွင် တုန်ရင်မှုနဲ့ကြောက်စိတ်တို့ သိသာစွာရောပြွန်နေခဲ့လေသည်။

ဒီတခါသာဆို ကိုယ်ရူးမှာ မျက်ဝန်းဝိုင်းလေးရဲ့။

"အဟင့်...ကျွန်တော့ခန္ဓာကိုယ်ကမသန့်ရှင်းတော့ဘူးhygရဲ့..ကျွန်တော့်ကိုသေခွင့်ပေးပါ"

"မဟုတ်တာတွေကွာ...မျက်ဝန်းဝိုင်းလေးက ဘာမှမဖြစ်ပါဘူး"

"မဟုတ်ဘူး...ကျွန်တော် ကျွန်တော်rapeလုပ်ခံခဲ့ရတာ.."

ရင်ခွင်ထဲက ကိုယ်ငယ်လေးထံမှ ရှိုက်သံများပင်ကြားနေရပြီး တကိုယ်လုံးလဲ တုန်ရီနေလေသည်။

"မဟုတ်ပါဘူး...မဟုတ်ဘူး...နော်...အဲ့ဒီကို...ကိုယ်ရောက်လာခဲ့တာလေ...ပြီးတော့မျက်ဝန်းဝိုင်းလေးကို ဒီကိုခေါ်လာခဲ့တာ"

သူပြောလိုက်မှ မျက်ရည်တွေစီးကျနေဆဲဖြစ်တဲ့ မျက်ဝန်းတွေဖြင့် ရင်ခွင်ထဲမှခေါင်းဖော်ကာမော့ကြည့်လာခဲ့သည်။

မောင့်ဗီတာမင်~~Where stories live. Discover now