"မင်းတို့အလုပ်ကိုသေချာမလုပ်ဘူးလား ဟမ်!!"
လူတစ်ယောက်ရဲ့အော်သံ။ဒီလူရဲ့ အသံဟာ ကြားရတဲ့သူတွေအဖို့ အရိုးထဲအကြောထဲအထိစိမ့်ပြီး ကြောက်ရွံ့စေနိုင်တဲ့အထိ ဒေါသတွေလွှမ်းမိုးနေခဲ့တယ်။
"ငါမေးတာဖြေလေ!!"
"မ..မဟုတ်ပါဘူး"
"မဟုတ်ရင်ဒီလိုအမှားမျိုးကရှိလာမှာတဲ့လား ဟမ်!"
"....."
"ငါဆိုတဲ့Kim Taehyungကတစ်ခါမှနာမည်ပျက်ရှိခဲ့ဖူးတာမဟုတ်ဘူး!...မှားယွင်းသွားတယ်ဆိုတာမျိုးလဲအဖြစ်ခံခဲ့တာမဟုတ်ဘူး"
Kim Taehyung။ဟုတ်ပါတယ် ဒီလူဟာလူအများ ဖိန့်"တုန်အောင်ကြောက်ရတဲ့
Kim Taehyungဆိုသူ။Koreaနိုင်ငံရဲ့Top 10ဝင်သူဌေးကြီး။အသက်အရွယ်အရ ငယ်သေးပေမယ့်လည်း အသက်အရွယ်နဲ့မလိုက်အောင်ကိုကြိုးစားလွန်းတဲ့သူ။ခက်ထန်လွန်းတဲ့သူ။နာကျင်မှုတွေအများကြီးနဲ့သူ။ငယ်"ကတည်းကမိဘတွေရဲ့အပြုအမူတွေကြောင့် ကလေးမတန်ဘဲနဲ့ နာကျင်မှုတွေများခဲ့တယ်။ဒီလိုမိဘတွေကြောင့်ပဲ နူးညံ့တဲ့ကောင်လေးကနေ ဒီလိုနှလုံးသားမရှိခက်ထန်မာကြောတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တာ""ကျွန်...ကျွန်တော် နောက်မဖြစ်စေရပါဘူး
အခုချက်ချင်းပြင်လိုက်ပါ့မယ်""မလိုဘူး!...နောက်ဆိုတာလဲရှိလာမှာမဟုတ်ဘူး"
"ဗျ....ဗျာ"
"မင်းအခုချက်ချင်း ငါ့companyကနေထွက်သွားလိုက်တော့!...ရော့ 3လစာ...ယူပြီးထွက်သွားလိုက်တော့....သွား!!"
စာပွဲပေါ်ကိုပိုက်ဆံအထပ်လိုက်ပစ်ကာ အလုပ်ထုတ်လိုက်ပုံက ဒေါသထွက်ချင်စရာ။
သိုသော်...မည်သူမျှထုတ်မပြောရဲကြ။မဟုတ်ရင် သူတို့ရဲ့အသက်နဲ့ခန္ဓာအိုးစားကွဲသွားဖို့ သေချာသလောက်။ထိုသူမှဘာမှပြန်မပြောရဲ
စာပွဲပေါ်က ပိုက်ဆံတွေသာယူပြီးထွက်လာခဲ့လိုက်ရတယ်။______________________________________
*ဒေါက် ဒေါက် ဒေါက်*
"သားလေး...Kookie~"
ဟိုတနေ့ကကိစ္စဖြစ်ကတည်းက သားဖြစ်သူမှာ ပြောထားသည့်အတိုင်း ထမင်းမစား
ရေမသောက်ပဲ သူ့အိပ်ခန်းထဲမှာပဲအစာငတ်ခံဆန္ဒပြနေတာ2ရက်လောက်ရှိနေပြီမို့ စိုးရိမ်စိတ်များလွန်းတဲ့မိဘနှစ်ပါးမှာ အခန်ဝထိတံခါးခေါက်ကာ စားစရာတွေလာပို့သော်လည်း အသံမပေး တံခါးမဖွင့်လာ။
