အခုဆိုရင် ကိစ္စအချို့ဖြစ်ပျက်ခဲ့တာ ရက်သတ္တပတ်ကျော်၍ jungkookသည်လည်း ပြန်ကောင်းလာပြီဖြစ်သည်။
ဒီနေ့ဟာTaehyungရဲ့ အထူးနေ့လေးလို့လဲဆိုလို့ရတာပေါ့။
မသေချာမရေရာနေတဲ့လောကကြီးမှာ သူ့အနားမှာပဲမျက်ဝန်းဝိုင်းလေးကိုထားချင်သည်။မပြတ်သားခဲ့တဲ့သူ့ကိုယ်သူလဲ အတော်လေးစိတ်ပျက်ခဲ့ပြီးပြီ။
အခုတော့ မျက်ဝန်းဝိုင်းလေးကပဲသူ့ဘဝရဲ့လက်တွဲဖော်ဖြစ်ရမည်။သူ့အနားမှာရှိနေစေချင်တဲ့သူ...
သူဂရုစိုက်ပေးချင်တဲ့သူ...
သူကာကွယ်ပေးချင်တဲ့သူ...
အရေးအကြီးဆုံးကတော့
သူ့နှလုံးသားရဲ့ပိုင်ရှင်ဟာ မျက်ဝန်းဝိုင်းလေးတစ်ယောက်ထဲသာဖြစ်ရမည်။ဒါ့ကြောင့် မျက်ဝန်းဝိုင်းလေးကို ဒီနေ့ဖွင့်ပြောနိုင်ဖို့အတွက် yoongiနဲ့အတူစီစဉ်နေကြခြင်းဖြစ်သည်။
"ဒီလောက်ဆို ရလောက်ပါပြီ"
"အဆင်ပြေပါ့မလား...မျက်ဝန်းဝိုင်းလေးကြိုက်လောက်ပါ့မလား"
"ကြိုက်မှာပါဟ...minလေးပြောတာတော့ jungkookက ခရမ်းနုရောင်ကြိုက်တာတဲ့...အဲ့လိုဆို အခုအဆင်ပြေနေပါပြီ"
အခုTaehyungတို့ရှိနေတာဟာ လူသိနည်းပြီး မြစ်ဘေးနားမှာရှိနေတဲ့ bakeryဆိုင်လေးထဲတွင်ဖြစ်သည်။
ထိုဆိုင်ဟာ Taehyungပိုင်တာဖြစ်ပြီး လွန်ခဲ့တဲ့2ရက်လောက်ကမှ ဝယ်ထားခဲ့တာဖြစ်သည်။လူရှုပ်တာမကြိုက်တတ်တဲ့ ကောင်လေး...
ရေလှိုင်းသံလေးတွေနားထောင်ရတာသဘောကျတတ်တဲ့ကောင်လေး...
ကိတ်မုန့်တွေကို မကြာခဏစားချင်တတ်တဲ့ကောင်လေး...
ခရမ်းနုရောင်လေးတွေကို မြတ်နိုးလွန်းတဲ့ကောင်လေး...
ပန်းပင်းတွေစိုက်ရတာကို သိပ်နှစ်သက်တဲ့ကောင်လေး...
သူသိပ်ချစ်ရတဲ့ ကောင်လေးတစ်ယောက်အတွက်ရည်ရွယ်ကာ ဒီခရမ်းနုရောင်ဆိုင်ခန်းလေးကို ဝယ်ထားခြင်းဖြစ်၏။အခုတော့ ဒီဆိုင်လေးကိုsupriseအနေနဲ့ လက်ဆောင်ပေးပြီး ဖွင့်ပြောနိုင်ဖို့အတွက်ကြိုးစားနေရပြီ။
=======
"Jungkook""အေးပြော"
"ငါနဲ့ အပြင်သွားရအောင်ကွာ"
