Part 5~

359 27 7
                                    


*ဘုတ်*

*အာ့*

ကြမ်းပြင်ပေါ်ထိုင်ရက်ကလေးကျသွားရသည်။

"အားလားလား နာလိုက်တာ...ဖင်ထောင်ရိုးကျိုးပြီလားမသိဘူး.."

"ဟိတ်...ဒီမှာရရဲ့လား.."

ခါးလေးကိုင်းပြီးမေးလာတဲ့ အရပ်ရှည်ရှည်လူတစ်ယောက်။ပုံစံကတော့လူကြီးလူကောင်းပုံစံပါပဲ...ဒါမဲ့ရုပ်ရည်အရတော့ငယ်ဦးမယ်ထင်တယ်။‌ပြောလာတဲ့လေယူလေသိမ်းလေးကအစ ရင့်ကျက်တဲ့လူ‌တစ်ယောက်လို။
အာ...ငါဒီလူနဲ့တိုက်မိတာဖြစ်မယ်။

"ဗျာ...ဟုတ်...ရပါတယ်"

ထိုအချိန်ကိုယ့်ကိုယ်ကိုအထင်ကြီးစွာ
ထနိုင်တယ်အထင်နှင့်ထလိုက်တာ မက်မွန်သီးလေးအောင့်သွားရသည်။
နာသွားရသည်မို့နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်လေတော့ လွတ်ကျသွားတဲ့ခရီးဆောင်အိတ်ရဲ့ကြိုးနဲ့ငြိ'မိပြီး...အရှိန်မထိန်းနိုင်လိုက်ခင်မှာပဲလဲကျသွားရတော့သည်။
ထပ်နာရတော့မှာထင်တယ်။ငါတော့ဆေးရုံရောက်တော့မယ်။

"ဟာ...ဟိတ်!"

သို့သော် အထင်နဲ့ကွဲပြားစွာ အော်သံတစ်ခုနဲ့အတူ သူလဲကျသွားသည်က မာကြောကြော
ကြမ်းပြင်တစ်ခုပေါ်မဟုတ်ဘဲ...ခပ်နွေး‌နွေး
လက်‌ကလေးတစ်ချောင်းပေါ်သာ။
သူကအခုအဲ့ဒီ့လူရင်ခွင်ထဲမှာ။

ရုတ်တရက် မော့ကြည့်လိုက်မိတော့ ထိုလူ့ရဲ့စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ တိုးတော့သည်။
သို့သော် အကြည့်မခွာနိုင်ခဲ့....ထိုသူရဲ့မျက်ဝန်းတွေက ညို့ယူနိုင်စွမ်းရှိလွန်းတယ်။
သူတစ်ခုခုကိုရှာတွေ့သွားသယောင်။

"Jungkook!"

အကြည့်ချင်းဆုံနေသခိုက် ‌လေဆိပ်အပေါက်ဝမှ jiminကအနားသို့ရောက်လာတော့သည်။
ထိုအခါမှ ထိုလူနဲ့လူချင်းခွာလိုက်ကြသည်။
ရှက်စိတ်ကြောင့် ဘေးဘီဝဲရာကြည့်မိတော့
လေဆိပ်တစ်ခုလုံး နီးပါးရဲ့အကြည့်တွေက
သူတို့ဆီမှာသာ။
ဟိုလူနဲ့အတူပါလာသည်ထင်ရသည့် ဖြူစုတ်စုတ်နှင့်လူကလည်း ပြုံးစိစိနဲ့ရပ်ကြည့်နေလေသည်။

"သွား...သွားရအောင်"

ရှက်ရှက်နှင့် လာကြိုသည့်ကောင်လေးလက်အားအတင်းဆွဲကာ ထွက်လာခဲ့လိုက်သည်။
နှမြောတာက အဲ့ဒီလူနာမည်လေးတောင်မသိလိုက်ရဘူး။

မောင့်ဗီတာမင်~~Where stories live. Discover now