"သား...ဂျီမင်"
အိမ်အပေါ်ထပ်မှပြင်ဆင်ကာ ဆင်းလာသော
စမတ်ကျကျကောင်လေးသည် Mr.park၏သားဖြစ်သူPark jiminသာ။"ဗျာ appa"
"အေးကွာ...appaပြောစရာရှိလို့ ထိုင်ပါဦး"
"ဟုတ်..."
ပြောစရာရှိသည်ဟု ဆိုလာသောappaကြောင့် ဧည့်ခန်းရှိဆိုဖာပေါ်တွင်
နေရာယူလိုက်သည်။"ဘာပြောမို့လဲ appa..."
"ဒီအပတ် စနေနေ့အိမ်ကိုဧည့်သည်တစ်ယောက်ရောက်လာလိမ့်မယ်...သား"
"ဟမ်...ဧည့်သည်?...ဘယ်သူလဲappa.."
"appaသူငယ်ချင်းရဲ့သားပါ...ဒီမှာသင်တန်းလာတတ်မှာတဲ့လေ...သူတို့နဲ့အဖေတို့ဆိုတာ မင်းအမေမဆုံးခင်ကတည်း
ခင်လာကြတာကွ...မင်းတို့ခေတ်စကားနဲ့ဆိုbffတွေပေါ့ကွာ....အဲ့တာကြောင့်သူတို့သားကိုစိတ်မချလို့ appaတို့အိမ်မှာနေခိုင်းဖို့အကူအညီလှမ်းတောင်းတာလေ...ငါ့သားလည်းအဖော်ရတာပေါ့ကွာ...နော""အင်းပါ...ဟုတ်တော့လည်းဟုတ်ပါတယ်...appaသဘောပါပဲ"
"အဲ့တာဆို...စနေနေ့ကျရင်သူ့ကိုလေဆိပ်မှာ သွားကြိုလိုက်နော်ငါ့သား....appaအလုပ်လတွေရှိသေးလို့.."
"အိုခေ...စနေနေ့နော်appaစိတ်ချ သား'သွားကြိုပေးမယ်...ဒါနဲ့နာမည်က?"
"Jeon Jungkook..."
"Jeon Jungkook?...."
_____________________________________
"အဟင့်...အီဟီး..."
"ကဲ ငိုမနေပါနဲ့တော့kookieရယ်"
Jungkookဟာငယ်ငယ်လေးကတည်းကမိဘတွေနဲ့တစ်ခါမှခွဲပြီးမနေခဲ့ရဖူးတော့
ဒီလိုမျိုးမိဘတွေကိုခွဲပြီးတစ်ယောက်ထဲတခြားမြို့ကိုထွက်သွားဖို့ဆိုတာ သူအဖို့ခက်ခဲလှတယ်။desginerသင်တန်းကိုလည်းဝါသနာပါလွန်းနေတော့လည်း ဗျာများနေရပြီ။
တကယ်ဆို သူ့မိဘတွေကိုပါခေါ်သွားချင်နေတာ။"ဟင့်...Ommaတို့ကောလိုက်ခဲ့ပါလာဟင်~"
"အဲ့လိုတော့ ဘယ်ရမလဲkookieရယ်"
"ဟင့်...တော်ပီ မသွားတော့ဘူး"
"မဟုတ်ဘူးလေkookieရယ် အကုန်လုံးစီစဉ်ပြီးပြီ...အခုတောင်သွားတော့မယ့်ဟာ...နေမယ့်အိမ်ကိုလည်းပြောပြီးပြီလေ..."
