Chapter - 4

1.2K 158 7
                                    

Unicode

၂၁၉၈။ သေဆုံးချိန်မှာတောင် အေးအေးချမ်းချမ်းမနေရရှာ

တုပင်းရဲ့မိဘတွေကလည်း သူတို့ရဲ့သမီးက သိက္ခာမဲ့လွန်းတဲ့လုပ်ရပ်ကိုလုပ်ခဲ့တာမို့ မကျေနပ်ကြဘူး။ သူမကိုကျွေးမွေးထောက်ပံ့ပြီး ကောလိပ်ထားပေးဖို့က သူ့တို့အတွက် အတော်လေးခက်ခဲခဲ့တာ။ ဘိုးဘေးတွေအတွက် ဂုဏ်မတက်စေတာလုံလောက်နေပြီဆိုပေမယ့် သူမက သူတို့ကို အတော်လေးအရှက်ရစေခဲ့တယ်။

တုပင်းတစ်ယောက် ဖိအားတွေအများကြီးခံစားနေရတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက် သူမ ပိုပိုပြီးကိုယ်အလေးချိန်ကျလာတဲ့အပြင် ဆံပင်တွေလည်းအများကြီးကျွတ်လာတယ်။

တုပင်းက တစ်ယောက်တည်းအိမ်ထဲမှာပဲအောင်းနေပြီး အမြဲငေးငိုင်နေတော့တယ်။ နောက်ဆုံးကျ တစ်ညမှာ သူမ ရေတွင်းထဲခုန်ချသွားခဲ့တယ်။

တုပင်းရဲ့‌‌သေဆုံးမှုက ဟိုမိုင်ပေါင်းထောင်ချီအဝေးမှာ ပျော်ပျော်ကြီးပေါင်းဖက်နေကြတဲ့ယောက်ျားလေးယောက်ကိုမထိခိုက်စေခဲ့ဘူး။

တုပင်းသေပြီးတဲ့နောက်မှာတောင်မှ လူတစ်ယောက်က လူတိုင်းကြည့်နိုင်ဖို့အတွက် တုပင်းရဲ့အသုဘဗွီဒီယိုကို အင်တာနက်ပေါ်တင်လိုက်သေးတယ်။

အင်တာနက်ပေါ်ကလူတွေကတော့ သူတို့နိုင်သွားပြီလို့ချက်ချင်းတွေးမိကြရဲ့။ နောက်ဆုံးတော့ အဲ့အရှက်မရှိတဲ့မိန်းမ‌သေသွားပြီ၊ ဒါက တုပင်းကို ခဏတာရေပန်းစားသွားစေပြန်တယ်။

တုပင်းခမျာ သေတာတောင်အေးအေးချမ်းချမ်းမနေရရှာဘူး။

တုပင်းသာ ကောချိုးကို တကယ်သစ္စာဖောက်ခဲ့ရင်တော်သေးတယ်။ ဒါပေမယ့် ပြသနာက သူမနဲ့စစ်နန်ကြားထဲမှာဘာမှမဖြစ်ခဲ့တာပဲ၊ ဒါတောင် ဒီလိုအခြေအမြစ်မရှိတဲ့ဘွဲ့ထူးကြီးက တုပင်းကိုတွယ်ကပ်နေသေးတယ်။

အဲ့အချိန်ကစပြီး ကောချိုးက ဒါရိုက်တာတစ်ယောက်အနေနဲ့ ဘဝရဲ့အထွတ်အထိပ်ကိုရောက်ခဲ့ပြီး အောင်မြင်တဲ့ရုပ်ရှင်တွေရိုက်ခဲ့တယ်။ ဖျော်ဖြေရေးလောကရဲ့ကြီးမြတ်တဲ့နတ်ဘုရားသုံးပါးရဲ့အကူအညီနဲ့ ကောချိုးရဲ့အရည်အချင်းတွေက အပြည့်အဝဖော်ထုတ်ခြင်းခံရပြီး အားလုံးက ချောချောမောမောပဲ။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now