Chapter - 33

931 135 5
                                    

Unicode

၂၂၂၇။ အိပ်မက်ဆိုးတစ်ခုလို

လူလေးယောက်မှာ AIDSဆေးစစ်ကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီမှာ ရောဂါပိုးရှိနေ၏။ ဒါက အိပ်မက်ဆိုးတစ်ခုလိုပင်။ စစ်နန်၊ စုချီနဲ့ကျီပေယဲ့တို့ရဲ့ခန္ဓာကိုယ်တွေက ပြိုလဲတော့မလိုဖြစ်နေကာ သူတို့မှာ အံ့ဩနေမှုကနေ ရုန်းမထွက်နိုင်ကြသေး။

AIDSက အအေးမိတာလို အအေးမိပျောက်ဆေးနဲ့ရေနဲ့‌သောက်ရုံနဲ့ပျောက်တဲ့ရောဂါမျိုးမဟုတ်ပေ။ ဒီရောဂါပိုးကို မကုသဘဲကြာကြာထားလေ ခန္ဓာကို
ယ်ကို ပိုထိခိုက်စေလေပင်။

HIVက လူတွေရဲ့ကိုယ်ခံအားစနစ်ကိုတိုက်ခိုက်တာမို့ ဒါက လူတစ်ယောက်ကို ကိုယ်ခံအားစနစ်ရဲ့ကာကွယ်မှုမရှိဘဲဖြစ်သွားစေသည်။ ဒါက နောက်ပိုင်းမှာ ခန္ဓာကိုယ်ကို ရောဂါပိုးတစ်မျိုးမျိုးကူးစက်ခံရတဲ့အခါ ပြင်းထန်တဲ့ရောဂါဖြစ်စေနိုင်တယ်ဆိုတဲ့သဘောပင်။ ဒါက ကင်ဆာရောဂါအလွယ်တကူဖြစ်သွားနိုင်တဲ့ အန္တရာယ်များရှိတဲ့ကျူမာဆဲလ်တွေကိုပင်ဖြစ်ပေါ်လာစေပြီးနောက် လူနာကို ခန္ဓာကိုယ်ထဲကဆဲလ်‌တွေအလုပ်မလုပ်တော့တာကြောင့် သေတဲ့အထိပင်ဖြစ်စေနိုင်၏။

ဒါက အဓိကပြသနာပင်မဟုတ်သေး။ အရေးအကြီးဆုံးသိထားရမှာက တချို့ရောဂါပိုးတွေက ဦးနှောက်တစ်ရှူးတွေထဲဝင်ရောက်သွားနိုင်ကာ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အာရုံကြောထိခိုက်ကာစိတ်ဖောက်ပြန်မှုပင်ဖြစ်စေနိုင်သည်။

AIDSကိုလည်း ကုသဖို့နည်းလမ်းမရှိပေ။

ဒါ့အပြင် ဒါက ကူးစက်ဖို့လည်းအတော်လေးလွယ်ကူ၏။ လူတစ်ယောက် AIDSရောဂါရနေပြီဆိုတာကို လူတွေသိလိုက်တာနဲ့ သူတို့က အဲ့လူကို ကပ်ရောဂါတစ်ခုလိုရှောင်ရှားလာကြမည်ဖြစ်ကာ သူတို့အတွက်တော့ အဲ့လူက မိစ္ဆာတစ်ကောင်ထက်ပင်ကြောက်ဖို့ကောင်းလေသည်။

စုချီက ခုံပေါ်မှာထိုင်ကာ သူ့မျက်နှာကိုပွတ်လိုက်သည်။ သူ့မျက်နှာထားက အနည်းငယ်မှုန်မှိုင်းနေ၏။

"အခု ငါတို့ ဘာလုပ်ကြမလဲ?"

စုချီမှာ စေ့စပ်ထားသူရှိပြီး သူကိုယ်တိုင်ကလည်း စုမိသားစုရဲ့ တစ်ဦးတည်းသောမျိုးဆက်ဖြစ်သည်။ သူသာ မိန်းမတစ်ယောက်နဲ့ကလေးယူပါက စုမိသားစုရဲ့မျိုးဆက်တွေမှာ AIDSရောဂါရှိနေတော့မှာဖြစ်၏။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now