Chapter - 9

934 141 4
                                    

Unicode

၂၂၀၃။ တန်ကြေးကိုညှိနှိုင်းလို့ရတယ်

နဉ်ရှုက မနက်စာစားနေရင်း ကောချိုးပြောတာ‌နားထောင်နေသည်။ ဒီကမ္ဘာမှာ စိတ်ဝိဉာဉ်စွမ်းအားသိပ်မရှိတော့ သူမ ကယ်လိုရီနဲ့အားဖြည့်ဖို့လိုတယ်။

"ရပါတယ်၊ နင့်အလုပ်ကအရေးကြီးတယ်။"

နဉ်ရှုက တည်ငြိမ်စွာဆိုသည်။

"ငါတောင်းပန်ပါတယ်၊ နောက်တစ်ခါ ငါ မင်းကို အနောက်တိုင်းအစားအစာလိုက်ကျွေးမယ်။"

ဖုန်းတစ်ဖက်ကကောချိုးအသံက အနည်းငယ်မောဟိုက်နေပုံရ၏။ နဉ်ရှုက‌တော့ အနှီမောဟိုက်သံက စိတ်ကိုအတော်လေးနှိုးဆွနိုင်တယ်လို့ခံစားလိုက်ရသည်။

သူ အခု ဝေါင်း~ဝေါင်း~ဝေါင်း~နေတာတော့ မဟုတ်လောက်ပါဘူးနော်?

သူမ မနက်စာစားချင်စိတ်တောင်မရှိတော့ဘူး။

"ကောချိုး၊ အလုပ်ချိန်ရောက်နေပြီ။ မင်း ဘယ်လောက်ကြာအောင်ဖုန်းပြောနေဦးမှာလဲ?"

ကျီပေယဲ့ရဲ့အသံက မူမမှန်လှစွာမောက်မာနေ၏။

"ဒါဆို ငါဖုန်းချလိုက်တော့မယ်။"

ကောချိုးက မောဟိုက်စွာဆိုကာဖုန်းချလိုက်၏။ သူ ဖုန်းမချခင် နဉ်ရှု 'အား'ဆိုတဲ့အသံကြားလိုက်ရသည်။

နဉ်ရှု : →⁠_⁠→

နဉ်ရှု ဖုန်းနဲ့တစ်ဝက်ပဲစားရသေးတဲ့ကြက်ဥလိပ်ကိုချလိုက်ပြီး အင်တာနက်ပေါ်မှာ ထောက်လှမ်းရေးအေဂျင်စီတစ်ခုကိုရှာလိုက်သည်။

နဉ်ရှုက လိပ်စာကိုချရေး၊ ဖုန်းကတ်အသစ်တစ်ခုဝယ်ကာ ညပိုင်းမှာ အပြင်ထွက်သွားတော့သည်။

သူမက အများသုံးအိမ်သာတစ်ခုထဲဝင်ကာ သူမကိုယ်သူမ ဆံပင်တု၊ နေကာမျက်မှန်၊ maskနဲ့ရုပ်ဖျက်လိုက်သည်။ ထို့နောက် သူမက အမှောင်ရိပ်ကိုခိုကာ အေဂျင်စီဆီလျှောက်သွား၏။

လမ်းကြားလေးမှာသိုသိုသိပ်သိပ်ဖွဲ့စည်းထားတဲ့ သီးသန့်ထောက်လှမ်းရေးအေဂျင်စီဆီရောက်သွားချိန်မှာ သူမက စုံထောက်ကို ပွင့်လင်းစွာပင်မေး၏။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon