Chapter - 21

873 134 7
                                    

Unicode

၂၂၁၅။ ကောလဟာလပါ

စစ်နန်၊ စုချီနဲ့ ကျီပေယဲ့က ကောချိုးကိုစိုက်ကြည့်‌လာသည်။

ကောချိုးတစ်ယောက် ဆုံးဖြတ်ချက်ချဖို့ရုန်းကန်နေရသည်။ စစ်နန် ဒီလောက်ပင်ပန်းနေတာကို သူ မြင်ရခဲတယ်။ စစ်နန်က အမြဲတမ်းရိသဲ့သဲ့လုပ်တတ်ပြီးကြော့ကြော့မော့မော့နေတတ်တဲ့လူရမ်းကားပဲ။

ဒီလူသုံးယောက်လုံးက သူ့ကိုကာကွယ်ပေးဖို့ရှိနေကြတယ်။ သူလည်း ယောက်ျားပဲ၊ မိန်းမတစ်ယောက်လို နောက်မှာပုန်းနေလို့မရဘူး။

သူလည်း ဒီလူသုံးယောက်အတွက် တစ်ခုခုလုပ်ပေးချင်တယ်။

ကောချိုး သူ့နှုတ်ခမ်းတွေကိုတင်းတင်းကိုက်လိုက်သည်။ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်ချပြီးပေမယ့် ပါးစပ်ကထုတ်မပြောနိုင်။

ရုတ်တရက် ကောချိုးရဲ့ဖုန်းမြည်လာသည်။ ကောချိုး ဖုန်းကိုင်လိုက်ပြီး အမျိုးသမီးအသံစူးစူးထွက်လာသည်။

"ဟဲလို၊ ကျွန်မက ရှန့်မင်မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်ပါ။ ရှင် ကျီပေယဲ့နဲ့ အဲ့လိုဆက်ဆံရေးမျိုး တကယ်ရှိနေတာလား?"

သူ့ခေါင်း ချာလပတ်လည်သွားသလို ကောချိုးခံစားလိုက်ရသည်။

"မဟုတ်ဘူး၊ ကောလဟာလပါ၊ ကောလဟာလ။"

ကောချိုးတစ်ယောက် ဖြူဖျော့နေတဲ့မျက်နှာနဲ့ဖုန်းချလိုက်သည်။ ဖုန်းက ထပ်မြည်လာပြန်၏။

"ဟဲလို၊ ကျွန်တော်က XXဗွီဒီယိုက သတင်းထောက်ပါ။ ခင်ဗျားနဲ့ကျီပေယဲ့ရဲ့ဆက်ဆံရေးက အပြင်ကပြောနေကြတဲ့အတိုင်းပဲလား?"

"ဟဲလို..."

"ရှင်က ဒီလောက်ရုပ်ဆိုးတာတောင်မှ..."

သူ့ကိုယ်ထဲကနေ ဝိဉာဉ်ထွက်သွားတဲ့အလား ကောချိုးရဲ့မျက်နှာထက်မှာ သွေးတစ်စက်မှမရှိတော့။

ကျီပေယဲ့က ကောချိုးရဲ့ဖုန်းကိုဆွဲလုကာ ကြမ်းပေါ်ပစ်ချလိုက်သည်။

"ထားလိုက်တော့..."

ကျီပေယဲ့က ကောချိုးရဲ့လက်ကို ရုတ်တရက်လှမ်းကိုင်သည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Où les histoires vivent. Découvrez maintenant