Chapter - 16

926 138 7
                                    

Unicode

၂၂၁၀။ လောကကြီးထဲကအပြစ်အကင်းဆုံးလူသား

ဘာလား? လမ်းခွဲချင်တဲ့သူက သူလေ၊ ဒါကို သူက သူမကို ဝမ်းမနည်းလို့အပြစ်တင်တယ်ပေါ့?

သူက သူမကို သူမရှိရင် အသက်မရှင်နိုင်သလိုမျိုး အော်ကြီးဟစ်ကျယ်ငိုစေချင်တာလား? သူ ဘယ်လိုလုပ်ပြီး သူမကို ဝမ်းမနည်းတာအတွက်တောင် အပြစ်တင်နိုင်ရတာလဲ?

ပြီးရော၊ သူက ဂေရီဆူးပဲလေ၊ သူက လောကကြီးမှာ အပြစ်အကင်းဆုံးလူသားပဲဟာ။

တုပင်းရဲ့ကြမ္မာဆိုးက ဒီလူ့ကြောင့်ပဲ။

သူမတစ်ဘဝလုံးက သူမ သူ့နဲ့တွဲဖို့ဆုံးဖြတ်လိုက်တာလေးကြောင့် ဖျက်ဆီးခံလိုက်ရတယ်။

မျက်လုံး‌တွေနီနေတဲ့ကောချိုးကိုကြည့်ရင်း နဉ်ရှု အတော်လေးဆွံ့အနေမိသည်။

"နင် စားပြီးပြီလား? ငါပြီးပြီ။ ငါတို့ သွားလို့ရပြီလား?"

နဉ်ရှုက ကောချိုးကို ‌ပေါ့ပါးစွာပြောသည်။

ကောချိုးက ခေါင်းငြိမ့်ကာ ခုံပေါ်ကအင်္ကျီကိုယူသည်။

"သွားရအောင်။"

အောက်ဆင်းချိန်မှာ နဉ်ရှုက ကောချိုးကို အသာလေးဝင်တိုက်လိုက်သည်။ ကောချိုးတစ်ယောက် ခြေချော်ကြာ လှေကားထစ်ပေါ်ကနေပြုတ်ကျသွားပြီး ခေါင်းကိုထိခိုက်မိသည်။

"နင် အဆင်ပြေရဲ့လား?"

နဉ်ရှုက အောက်ဆင်းလာကာမေးသည်။

ကောချိုး အသက်ပြင်းပြင်းရှူသွင်းမိ၏။ နဉ်ရှုက သူ့ကို ကူတွဲပေးကာ သူ့နားကနေစီးကျနေတဲ့သွေးတွေကိုတွေ့သွားသည်။

"နင် ဒဏ်ရာရထားတယ်။ ငါတို့ ဒဏ်ရာကို မြန်မြန်ပြန်ပြီးကြည့်သင့်တယ်။"

နဉ်ရှုက ကောချိုးကို ထူပေးသည်။

ကောချိုးက ဒဏ်ရာကိုထိကြည့်၏။

"သိပ်မများပါဘူး။"

မနက်စာဆိုင်ကနေထွက်လာပြီးနောက် ကောချိုးက လမ်းဘေးမှာထိုင်ချလိုက်ကာ နဉ်ရှုကပြောသည်။

"ငါ နင့်အတွက် ဆေးသွားဝယ်ပေးမယ်။"

နဉ်ရှုက ဆေးတချို့ဝယ်လိုက်သည်။ ပြီးနောက် သူမက ဆေးလက်အိတ်တွေစွပ်ကာ စေးပျစ်ပျစ်သွေးတွေကို ဆေးရည်ထဲ ဂရုတစိုက်လောင်းထည့်လိုက်၏။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now