Chapter - 41

868 138 1
                                    

Unicode

၂၂၃၅။ သတိပေးချက်လည်းမရှိဘူး

သူတို့လေးယောက်ကြားကကိစ္စတိုင်းကို သေချာဖုံးကွယ်ထားတာဖြစ်၏။ အရင်က ဘယ်သတင်းထောက်မှ သူတို့နဲ့ကောချိုးရဲ့ဆက်ဆံရေးကို သံသယမဝင်ကြချေ။

ဒါက ကောချိုးရဲ့ရုပ်ရည်ကြောင့်ဖြစ်သည်။ သူ့ရုပ်ရည်က အတော်လေးသာမန်ဖြစ်လွန်းတာကြောင့် လူတွေမှာ သူ ကျီပေယဲ့နဲ့မရိုးမသားဆက်ဆံရေးရှိနေလိမ့်မယ်လို့ မတွေးမိကြပေ။

အနုပညာလောက,က အထင်ကရပုဂ္ဂိုလ်တွေနဲ့ဆို ပြောနေစရာပင်မလိုတော့။

ပထမတစ်ကြိမ်တုန်းက သတိပေးချက်လည်းမရှိခဲ့ပေ။ ဆန်းကြယ်တဲ့လူတစ်ယောက်က အားလုံးကိုမဖော်ထုတ်လိုက်ခင်အထိ အရိပ်အမြွက်လေးတစ်ခုပင်မရှိခဲ့။

သို့သော်ငြား ပိတ်ထားတဲ့အဆို့လေးကိုဆွဲနှုတ်ခံလိုက်ရတာနဲ့ ရွံ့တွေအားလုံးဒလဟောထွက်လာတော့သည်။ သူတို့လေးယောက်မှာ လူထုအာရုံစိုက်မှုကို ရုတ်တရက်ခံလိုက်ရ၏။

ဒီတစ်ကြိမ်လည်း ထိုနည်းနှင်နှင်ပင်။ ကောချိုးက သူ့ရုပ်ကိုပြောင်းလိုက်ပြီးဖြစ်၏၊ ဘယ်သူမှ ကျူးရှင်းရဲ့သရုပ်မှန်ကို သံသယမဝင်မိကြ။

သို့တိုင် သူ့သရုပ်မှန်ကို ဖော်ထုတ်ခံလိုက်ရသည်။

ဒီအတွက် အဓိကအကြောင်းအရင်းကတော့ ပလတ်စတစ်ဆာဂျရီမလုပ်ခင်နဲ့လုပ်ပြီးချိန်မှာ အကွာကြီးကွာဟနေတဲ့ကောချိုးရဲ့ရုပ်ရည်ကြောင့်ဖြစ်၏။

ဘယ်သူမှ ကောချိုးနဲ့ကျူးရှင်းကို မဆက်စပ်မိကြ။

ကျီပေယဲ့ရဲ့မျက်လုံးတွေ ပြူးကျယ်သွားရသည်။ ဒီလိုကိစ္စမျိုးကိုတောင်ဖော်ထုတ်နိုင်ရင်...သူ အသက်ပြင်းပြင်းရှူကာပြောလိုက်မိသည်။

"အဲ့လူက တခြားကိစ္စတွေကိုရောဖော်ထုတ်နိုင်လောက်လား?"

စုချီနဲ့စစ်နန်တို့ မျက်မှောင်ကုတ်သွားကြသည်။

"လောလောဆယ်တော့ ရုပ်ရှင်ရိုက်တာကို မြန်မြန်လက်စသတ်နိုင်အောင် တောင့်ခံထားလိုက်ဦး။ ငါတို့ ဒီရုပ်ရှင်ကို မြန်မြန်မထုတ်ရင် တကယ်ရှုံးလိမ့်မယ်။"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon