Chapter - 36

838 125 0
                                    

Unicode

၂၂၃၀။ ကိုယ်တို့အားလုံးမှာ HIV ပိုးရှိနေတယ်

"ကောချိုး၊ ကိုယ်..."

ကောချိုး ကြက်သေ,သေသွားတာကိုမြင်ပြီး ကျီပေယဲ့က ကောချိုးရဲ့လက်မောင်းကို အလျင်အမြန်ဆုပ်ကိုင်လိုက်သည်။

"ခင်ဗျား ဘာတွေပြောနေတာလဲ? ဘာAIDSလဲ?"

ကောချိုးက အူကြောင်ကြောင်ဖြင့်မေးသည်။

ကျီပေယဲ့ရဲ့လက်က ကောချိုးလက်မောင်းပေါ်ကနေ အောက်ကိုလျှောကျသွားသည်။ သူက လက်သီးကိုတင်းတင်းဆုပ်သည်။

"ကိုယ်တို့အားလုံးမှာ HIVပိုးရှိနေတယ်၊ သူတို့က ကိုယ်တို့ကို ရောဂါပိုးကူးစက်စေတဲ့သူလို့ ကိုယ်ထင်တယ်။"

ကျီပေယဲ့ အဲ့လိုပြောလိုက်တာနဲ့ သူ နောက်ကနေအကန်ခံလိုက်ရသည်။ အလစ်ခံလိုက်ရတာမို့ သူ ကြမ်းပေါ်ကို ဘုန်းခနဲလဲကျသွားသည်။

စစ်နန်က ကျီပေယဲ့ရဲ့ရင်ဘတ်ပေါ်တက်နင်းကာ သူ့ကိုယ်ကို သားရေရှူးဖိနပ်စီးထားတဲ့ခြေထောက်နဲ့ကန်သည်။ ကျီပေယဲ့တစ်ယောက် နာကျင်စွာဖြင့်ပင့်သက်ရှိုက်သည်။

"ငါတို့က ကောချိုးမသိအောင် ခက်ခက်ခဲခဲကြိုးစားထားတာကို မင်းက သူ့ကို အကုန်ပြောပြလိုက်တယ်ပေါ့။ မင်း သူ့ကို သေစေချင်နေတာမဟုတ်လား?"

စစ်နန်က ခက်ထန်စွာမေးသည်။

ကျီပေယဲ့က ကြမ်းပေါ်မှာလက်ထောက်ကာ ထရပ်သည်။

"မင်းတို့ ဒီကိစ္စကို အမြဲလျှို့ဝှက်မထားနိုင်ဘူး။ ဒီအကြောင်းကို အနှေးနဲ့အမြန်ကောချိုးသိဖို့လိုလာမှာ။"

စစ်နန်က ကျီပေယဲ့ရဲ့ကော်လာကိုဆွဲကာ ဒေါသတကြီးဆိုသည်။

"စောစောက မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ? ကောချိုး ငါနဲ့စုချီကိုထား‌ခဲ့အောင်လို့ မင်း သူ့ကိုလှည့်စားဖို့ကြိုးစားနေတာလား? မင်းလိုအမှိုက်ကောင်က တန်တယ်ဆိုတော့လေ!"

ကျီပေယဲ့က အသက်ပြင်းပြင်းရှူလိုက်ကာ စစ်နန်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်သည်။ စစ်နန်က သွေးထွက်နေတဲ့သူ့နှုတ်ခမ်းထောင့်ကိုထိလိုက်သည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now