Chapter - 12

933 138 3
                                    

Unicode

၂၂၀၆။ သူမ နောက်ယောင်ခံလိုက်တာခံနေရပြီ

တချို့လူတွေက ဗိုင်းရပ်စ်က အရမ်းပြင်းလွန်းပြီး သူတို့ရဲ့ကွန်ပျူတာတွေကို လုံးဝဖျက်ဆီးပစ်တယ်ဆိုတဲ့ တိုင်တန်းတဲ့ပို့စ်တွေတင်ကြသည်။

နဉ်ရှုက 'V'လက်သဏ္ဍာန်လုပ်လိုက်၏။ ဘယ်အရည်အချင်းမဆို တစ်နေ့နေ့တော့ သေချာပေါက်အသုံးဝင်လာတတ်တာပဲ။

နောက်ပိုင်း သူမ တာဝန်လုပ်ရင် ပိုလွယ်စေဖို့ ဒီအရည်အချင်းတွေကို အဆက်မပြတ်အဆင့်မြှင့်နေရမယ်။

နဉ်ရှုတစ်ယောက် စိတ်အခြေအနေကောင်းကာ စားသောက်ဆိုင်ကိုသွားလိုက်သည်။ ထောက်‌လှမ်းရေးအေဂျင်စီက သတင်းပို့လာကာ နဉ်ရှုကို ပစ္စည်းတစ်ခုလာယူခိုင်း၏။

နဉ်ရှုက မနက်စာကို အေးဆေးစွာစားပြီးနောက် သူမရဲ့အဝတ်အစားတွေ၊ ဦးထုပ်၊ လည်စည်း၊ မျက်နှာဖုံး နဲ့ မျက်မှန်တွေကို အိတ်ထဲထည့်လိုက်ပြီး အလုပ်သွားသည်။

ညပိုင်း အလုပ်ဆင်းချိန်မှာ နဉ်ရှုတစ်ယောက် ထောက်လှမ်းရေးအေဂျင်စီဆီသွားဖို့ အဆင်သင့်ဖြစ်နေချေပြီ။

သူမ လမ်းလျှောက်နေချိန်မှာ သူမနောက်နားနီးနီးကပ်ကပ်ကနေ ခြေသံတွေကြားလိုက်ရတော့သည်။

သူမ နောက်ယောင်ခံလိုက်တာခံနေရပြီ။

နဉ်ရှု လူတော်တော်လေးရှင်းတဲ့လမ်းတွေကို တမင်ရွေးလိုက်ပေမယ့် သူမနောက်ကလူက ဆက်လိုက်နေဆဲ။ ပြသနာရှိနေတာသေချာတယ်။

သူမနောက်ကိုလိုက်နေတဲ့လူက အဲ့ယောက်ျားသုံးယောက်နဲ့ သေချာပေါက်ပတ်သတ်နေရမယ်လို့ နဉ်ရှု ခန့်မှန်းလိုက်မိသည်။

နဉ်ရှုက သူမနောက်ကလူကိုမျက်ခြေဖြတ်ဖို့ အလျင်မလိုချေ။ ထိုအစား သူမက ထောင့်ချိုးတစ်ခုထဲဝင်သွားကာ တက္ကသိုလ်နယ်‌မြေအနားရှိ အစားအသောက်လမ်းကိုသွားသည်။

အဲ့လမ်းက မုန့်အမျိုးမျိုးနဲ့ပစ္စည်းမျိုးစုံရောင်းတဲ့ လူစည်ကားတဲ့ညဈေးလမ်းပင်။

နဉ်ရှုက အသားကင်တစ်ချောင်းဝယ်ကာ လမ်းလျှောက်ရင်းစားနေလိုက်သည်။ သူမက ဟိုနားသည်နားလျှောက်ကြည့်ကာ သူမ သဘောကျသွားတဲ့ပစ္စည်းတချို့ကိုဝယ်သည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin