Chapter - 43

953 150 2
                                    

Unicode

၂၂၃၇။ တခြားအလုပ်ရှာလို့ရတယ်

ကောချိုးနဲ့ကျီပေယဲ့မှာ AIDSရောဂါရှိနေတယ်ဆိုတာကိုသိပြီးတဲ့နောက် ရိုက်ကူးရေးအဖွဲ့သား‌တွေ - ဒ့ရိုက်တာတွေ၊ သရုပ်‌ဆောင်တွေအပြင် အပိုလူတွေတောင်မှ - ရုပ်ရှင်ဆက်မရိုက်ချင်ကြ‌တော့ပေ။

သူတို့ကို AIDSရောဂါကူးရင်ဘယ်လိုလုပ်မလဲ?

သူတို့ ပိုက်ဆံမယူဘဲပဲနေလိုက်တော့မယ်။ အစက ရိုက်ကူးရေးက ချောချောမောမော‌ရှေ့ဆက်နေတာဖြစ်သော်ငြား အခုတော့ ဒီလူတွေက ရုပ်ရှင်ဆက်ရိုက်ဖို့ထက် လျော်ကြေးပဲပေးလိုက်ဖို့စိုင်းပြင်းနေကြသည်။

ဒါ့အပြင် သူတို့ရဲ့လက်ရှိအခြေအနေမှာ သူတို့ ရုပ်ရှင်ဆက်ရိုက်ခဲ့ရင်တောင် သူတို့ ဘယ်လိုအမှိုက်ရုပ်ရှင်မျိုးထုတ်မိမလဲဆိုတာ ဘယ်သူသိမှာလဲ?

အင်မတန်ငွေကုန်ကြေးကျများကာ ကြီးကျယ်လှတဲ့ရုပ်ရှင်မှာ ထိုသို့နှင့်ပင် ဖျက်သိမ်းလိုက်ရတော့၏။

စစ်နန်တို့တွေမှာ ဒါရိုက်တာအသစ်တွေ၊ သရုပ်ဆောင်အသစ်တွေလည်း ခေါ်လို့မရနိုင်တော့ပေ။ စုချီနဲ့စစ်နန်မှာ ဘယ်လောက်ပဲပိုက်ဆံအများကြီးရှိရှိ သူတို့တွေ လူတွေရဲ့သေရမှာကြောက်တဲ့ဗီဇကိုမဖျောက်နိုင်ချေ။

စုချီနဲ့စစ်နန်တို့ ခဏခဏဒေါသပေါက်ကွဲကြသည်။ အထူးသဖြင့် သူတို့က သူတို့ရဲ့ကုမ္ပဏီလက်အောက်ကသရုပ်ဆောင်တွေကို အတော်လေးပင်မကျေမနပ်ဖြစ်ကာဒေါသထွက်နေကြ၏။

နာမည်ကြီးအနုပညာရှင်တွေက ကုမ္ပဏီမှာ ဆက်မနေချင်ကြတော့ပေ။ သူတို့ဘော့စ်မှာ AIDSရှိနေတယ်လေ။ သူတို့ပါ ရောဂါအကူးခံလိုက်ရရင် ဘယ့်နှယ်လုပ်မလဲ?

ဖြစ်ချင်တော့ အနုပညာရှင်တွေကိုလုချင်နေကြတဲ့တခြားကုမ္ပဏီတွေလည်းရှိနေတာမို့ သူတို့က လျော်ကြေးပေးကြ၏။ တချို့နာမည်ကြီးအနုပညာရှင်တွေမှာလည်း ကိုယ်ပိုင်စတူဒီယိုရှိနေပြီမို့ သူတို့က လုံးဝမကြောက်ကြပေ။

ကုမ္ပဏီကဝန်ထမ်းအတော်များများလည်း အလုပ်ထွက်ကုန်ကြသည်။ သူတို့ တခြားအလုပ်ရှာလို့ရတယ်၊ AIDSကူးရင်တော့ သူတို့မှာ ဘာမှကျန်မှာမဟုတ်တော့ဘူး။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now