Chapter - 28

914 134 13
                                    

Unicode

၂၂၂၂။ အရှက်မရှိတဲ့လူတွေက မထိခိုက်နိုင်ဘူး

ရွှီရှစ်ရှောင်းက စာပြန်သည် : ငါက ပိုက်ဆံရဖို့ ခိုးလည်းမခိုးဘူး၊ သူများဆီကလည်းမလုဘူး။ ဒီမဒမ်က ကိုယ့်ခန္ဓာကိုယ်နဲ့ ငွေရှာတာ။ နင့်မှာအစွမ်းအစရှိရင် နင်လည်း ဘာလို့ ငါ့လိုမလုပ်တာလဲ?

နဉ်ရှု : ...

ရွှီရှစ်ရှောင်းက တကယ် ဘာကိုမှဂရုမစိုက်‌တော့ဘူးပဲ။ ဒီလောက်ကြံ့ခိုင်တဲ့လူကို သူမမြင်ဖူးတာ ဒါ ပထမဆုံးပဲ။

အရမ်း...အရှက်မဲ့လွန်းတယ်...

အရှက်မရှိတဲ့လူတွေက မထိခိုက်နိုင်ဘူးဆိုတာ တကယ်မှန်တယ်။ သူတို့ဂုဏ်သတင်းကိုဂရုမစိုက်မှတော့ သူတို့ကိုထိခိုက်စေနိုင်တာ ဘာမှမရှိတော့ဘူးလေ။

တုပင်းကိုယ်တိုင်က အများအမြင်နဲ့သူမစိတ်ထဲရှက်စိတ်ကြောင့်‌သေခဲ့ရတာ။

နဉ်ရှုက ဝေ့ပေါ်အကောင့်တစ်ခုတမင်ဖွင့်ကာ အဲ့အကောင်နဲ့ သူမကိုထိုးနေတဲ့လက်ညှိုးပေါင်းတစ်ထောင်ကို အေးအေးဆေးဆေးရင်ဆိုင်နိုင်တဲ့အတွက် ရွှီရှစ်ရှောင်းကို ချီးကျူးလေ၏။

ဆဲဆိုနေကြတဲ့ကောမန့်တွေကြားမှာ သူမရဲ့ချီးကျူးတဲ့ကောမန့်တွေက ထူးခြားနေသည်ထင်၏။ ရွှီရှစ်ရှောင်းတစ်ယောက် ဆဲဆိုနေကြတဲ့ကောမန့်တွေကြားမှာ နဉ်ရှုနဲ့ စကားပြောတော့သည်။

နဉ်ရှုလည်း ဒီအခြေအနေက အတော်လေးရယ်စရာကောင်းတယ်လို့ထင်လိုက်မိသည်။

ရွှီရှစ်ရှောင်းက တခြားလူတွေရဲ့အမြင်နဲ့ပိုင်းဖြတ်ချက်တွေကိုဂရုမစိုက်တော့ သူမကို တစ်ကိုယ်ကောင်းဆန်ပြီးအရှက်မရှိတဲ့မိန်းမလို့ခေါ်ကြတယ်။

ဒါက လူတွေရဲ့ဘဝမှာ အနက်ရှိုင်းဆုံးထောင်ချောက်ပဲ - မင်းသာ တခြားလူတွေရဲ့ဆန္ဒတွေကိုဦးစားပေးဖို့ငြင်းပယ်ရင် တစ်ကိုယ်ကောင်းဆန်တယ်လို့ကင်ပွန်းတပ်ကြလိမ့်မယ်။

နဉ်ရှုတစ်ယောက် နည်းလမ်းအသစ်တစ်ခုရလိုက်သည်။ လူတစ်ယောက်က အရှက်မရှိဘဲနေနိုင်ရင် အရှက်မရှိသင့်ဘူး။ သူတို့ လုံးဝအရှက်မဲ့နေရမယ်လို့ပြေတာမဟုတ်ဘူး၊ တခြားလူတွေ သူတို့ကိုဘယ်လိုတွေးမယ်ဆိုတာကို သိပ်ပြီးဂရုမစိုက်သင့်တာ။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin