Chapter - 20

953 123 9
                                    

Unicode

၂၂၁၄။ ကလဲ့စားချေတဲ့အကြံအဖြစ်ပြောင်းလို့ရတယ်

သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးသုံးစုံကိုမြင်တဲ့အခါ စိုးရိမ်နေသေးပေမယ့် ကောချိုး နည်းနည်းတည်ငြိမ်သွားသည်။

"ခင်ဗျားရဲ့ဖြေရှင်းနည်းကဘာလဲ?"

ကောချိုးရဲ့အသံက တုန်နေပေမယ့် စောစောကလောက်ကြီးကြောက်မနေတော့ပေ။

"မင်းမှာ ခုလေးတင်လမ်းခွဲလိုက်တဲ့ကောင်မလေးရှိတယ်မဟုတ်ဘူးလား? ဒီကိစ္စကို ကလဲ့စားချေတဲ့အကြံအစည်အဖြစ် ပြောင်းလို့ရတယ်။"

"ဘယ်လိုလဲ?"

ကျီပေယဲ့ကမေးသည်။ သူ ဒီကိစ္စကို တကယ်ဖြေရှင်းစေချင်တယ်၊ ကောချိုးအတွက်တင်မကဘူး၊ သူ့အတွက်လည်းပါတယ်။

ကောချိုးကိုမျှဝေကြတဲ့လူသုံးယောက်ထဲမှာ သူက အားအနည်းဆုံးပဲ။ အခုကိစ္စသာ‌ဖြေရှင်းလို့မရရင် သူ့အနာဂတ်က စိုးရိမ်စရာပဲ၊ ပြီးတော့ ကျန်တဲ့လူနှစ်ယောက်ရှေ့မှာ ပိုပြီးအားနည်းသွားလိမ့်မယ်။

ကောချိုးကိုမျှဝေဖို့ သူဆုံးဖြတ်ခဲ့တယ်ဆိုပေမယ့် သူ့ရပိုင်ခွင့်တွေအတိုက် တိုက်ခိုက်ရဦးမှာပဲ။

"တုပင်းက ဒါကိုလုပ်တယ်လို့‌ပဲပြောရအောင်။ အကြောင်းပြချက်ကတော့..."

စစ်နန်ရဲ့လက်ချောင်းသွယ်သွယ်က သူ့နဖူးကိုထိလာသည်။

"သူ ဘာလို့ တမင်တကာ မဟုတ်မဟတ်စွပ်စွဲရတာလဲဆိုတော့ တုပင်းက ငွေမက်လို့ပဲ။ အမြင့်ကိုတက်လှမ်းနိုင်ဖို့၊ ပလတ်စတစ်ဆာဂျရီလုပ်ဖို့အတွက် ငွေအလုံလောက်ရနိုင်ဖို့နဲ့ အနုပညာလောကထဲဝင်နိုင်ဖို့ သူက ငါ့ကိုဖျားယောင်းပြီး ငါ့ကုတင်ပေါ်တက်ဖို့ကြိုးစားတယ်။"

"ကောချိုးက အမှန်အတိုင်းသိသွားတော့ တုပင်းနဲ့လမ်းခွဲချင်ပေမယ့် တုပင်းက သဘောမတူဘူး။ ပြီးတော့ သူ ဓာတ်ပုံအရိုက်ခံခဲ့ရတာမို့ တုပင်းက သူ့စရိုက်အမှန်ပေါ်သွားမှာစိုးနေတယ်။ ဒါကြောင့် သူက အရင်လက်ဦးမှုရယူပြီး သူ့ကောင်လေးနဲ့ကျီပေယဲ့ကြားမှာ မသင့်တော်တဲ့ဆက်ဆံမှုရှိနေတယ်လို့ပြောပြီး သူတို့ကို အသရေဖျက်တယ်။"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Donde viven las historias. Descúbrelo ahora